Saturday, July 11, 2015

ဖားကန့်မြို့ရေကြီးမှုကြောင့် ဥရုချောင်းအတွင်း မြေစာများ စက်ယန္တရားများဖြင့် ဆယ်ယူရှင်းလင်း


ဖားကန့် ဇူလိုင် ၁ဝ
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ ရေကြီးမှုကြောင့် ဥရု ချောင်း အတွင်း လျှောကျ လျက်ရှိ သော မြေစာများ ပြန်လည် ဆယ်ယူ ရှင်းလင်းရေးကို ဇူလိုင် ၉ ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ရာ ဖားကန့် မြို့နယ် ဆန်းကြွယ်-ဖားပြင်ကြားရှိ မနပေါက်ဝမှ မြေစာများ မိုးရေနှင့်အတူ

ဥရုချောင်း အတွင်းသို့ လျှောကျ နေမှုများကို ဇူလိုင် ၉ ရက်မှစတင် ၍ နယ်မြေခံ တပ်နယ်မှ ဗိုလ်မှူးချုပ် ဇော်မြင့်နိုင်က ဦးဆောင်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်း (ဖားကန့်) မှ တာဝန်ရှိသူ များနှင့် ကျောက်စိမ်းတူးဖော်ရေး ဌာန(လုံးခင်း)မှ တာဝန်ရှိသူများ စုပေါင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့ ဆောင်ရွက်ရာ၌ ဥရုချောင်းအတွင်းမှ လျှောကျမြေစာများ ပြန်လည်ဆယ်ယူ ရှင်းလင်းရာတွင် ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်း (ဖားကန့်)နှင့် ကျောက် မျက်တူးဖော်ရေး ကုမ္ပဏီများမှ လိုအပ်သော စက်ယန္တရားများဖြင့် ဆယ်ယူ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment