နေပြည်တော်၊
ဇူလိုင် - ၁၁
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ ဗန်းမော်မြို့နယ်ရှိ တပ်ရင်း တစ်ရင်းမှ စစ်သည်တစ်ဦးသည်
ဧပြီ ၁၃ ရက် ညပိုင်းတွင် တပ်ရင်းဌာနချုပ်အနီးရှိ ကျေးရွာမှ အသက် ၇၃ နှစ်အရွယ် အဘွားအို
တစ်ဦးတည်း နေထိုင် သော နေအိမ်သို့ သွားရောက်ခဲ့ရာ ရွာသူရွာသားများက ဝိုင်းဝန်းဖမ်းဆီးပြီး
နေအိမ်ကျူးကျော် ဝင်ရောက်မှု၊ သားမယားပြုကျင့်ရန်ကြံစည်မှုနှင့် သတ်ဖြတ်ရန်ကြိုးစား မှုတို့ဖြင့်
စွပ်စွဲခံရသည်။
သို့ဖြစ်၍ တပ်မတော်မှ ၎င်းစစ်သည်အား တရားဥပဒေနှင့်အညီ
အရေးယူ နိုင်ရန် စွပ်စွဲသည့်အတိုင်း ပြစ်မှု ကျူးလွန်ခြင်း ရှိ၊ မရှိ စစ်ဆေးနေစဉ် ဗန်းမော်မြို့တွင်
ကချင် နှစ်ချင်းခရစ်ယာန်အသင်း (KBC)မှ ဦးဆောင်၍
ဆန္ဒဖော်ထုတ် စီတန်း လှည့်လည် မှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ ၎င်းစစ်သည်မှာ
ယခင်ကတည်းက ခင်မင် ရင်းနှီးစွဲရှိခဲ့သည့်နေအိမ်သို့ သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း၊
သားမယား ပြုကျင့်ခဲ့ခြင်း ရှိ/မရှိအား ကာယကံရှင်နှင့်စစ်သည်တို့ကို ဆေးစစ် ဆေးခဲ့ရာတွင်
(ဆေးမှတ်ချက်အပါ အ၀င်) သားမယားပြုကျင့်ခဲ့ခြင်းမရှိကြောင်း
စစ်ဆေးတွေ့ရှိ ရသည်။
သို့သော်လည်း ပြည်သူလူထုမှ တပ်မတော်အပေါ်အထင်အမြင်လွဲမှားစေနိုင်ပြီး
အကြည်ညိုပျက်စေနိုင်သဖြင့် တပ်မတော်အက် ဥပဒေနှင့်အညီ စစ်တရားရုံးဖြင့်စစ်ဆေး ခဲ့ပြီး
ဇွန် ၂၂ ရက်နေ့တွင် ၎င်းစစ်သည်ကို ပြစ်မှု၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော
နယ်ဘက် အကျဉ်းထောင်တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
အဆိုပါ စစ်သည်အား စစ်တရားရုံးဖြင့် စတင်စစ်ဆေးချိန်မှစ၍
ပြစ်ဒဏ်ချမှတ်ခဲ့ သည့်နေ့အထိ နယ်ဘက် ဌာနဆိုင်ရာများ၊ သက်ဆိုင် ရာကျေးရွာမှ ရပ်မိရပ်ဖများ၊
တရားလိုဘက်ဆွေမျိုးများ၊ ကချင်နှစ်ချင်းခရစ်ယာန် အသင်း(KBC)နှင့် လူမှုရေးအသင်းအဖွဲ့များကို
ဖိတ်ကြားတက်ရောက်စေပြီး ပွင့်လင်း မြင်သာစွာ စစ်ဆေး ခဲ့သည်။
ထိုကဲ့သို့ တပ်မတော်အပေါ်
ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေနိုင်သော၊ ပြည်သူနှင့် တပ်မတော်အကြား ယုံကြည်မှု ပျက်ပြားစေနိုင်သော၊
ပြည်သူ့ အကျိုး sစီးပွားကို ထိခိုက်စေနိုင်သော ကိစ္စရပ်များကို ကျူးလွန်ပါက တပ်မတော်အနေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment