နေပြည်တော်
ဇူလိုင် - ၁၁
မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းဟောင်းသည်
လမ်းဧရိယာ ကျဉ်းမြောင်းခြင်း၊ တောင်တက်၊ တောင်ဆင်း ကြမ်းတမ်းခြင်းတို့ကြောင့် ခရီးသွားလာရန်
ကန့်သတ်ချက်များ ရှိသည့်အတွက် ခရီးသွား ပြည်သူများ လွယ်ကူချောမွေ့စွာ ခရီးသွား နိုင်ရေး၊
နယ်စပ်ဒေသကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး၊ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး အာဆီယံဒေသအတွင်းရှိ
နိုင်ငံများနှင့် ကူးလူးသွားလာနိုင်ရေးတို့အတွက် မြဝတီ-သင်္ကန်းညီနောင်- ကော့ကရိတ် အာရှလမ်းသစ်အား
နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနှင့် အိမ်နီးချင်း နိုင်ငံတို့ ပူးပေါင်း၍ ဖောက်လုပ်ခဲ့သည်။
အဆိုပါ အာရှလမ်းသစ် ဖောက်လုပ်ပြီးစီးခဲ့ပြီး
ခရီးသွားပြည်သူများ စတင် အသုံးပြုချိန်တွင် ကလိုထူးဘော ကရင်အစည်းအရုံး(KKO)အဖွဲ့မှ
ကျော်သက်နှင့် ဆန်းအောင် ဦးစီးလက်နက်ကိုင်အဖွဲ့ငယ်များက အကောက် စခန်းများ ဖွင့်လှစ်၍
ခရီးသွား ပြည်သူလူထုထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်ခဲ့သည်။ ထို့အတွက် ပြည်နယ် အစိုးရနှင့်
သက်ဆိုင်ရာ အဖွဲ့များက အကြိမ်ကြိမ်သတိပေးအကြောင်းကြားခဲ့သော်လည်း လိုက်နာ ဆောင်ရွက်
ခြင်း မရှိဘဲ အကောက် စခန်းများအား ဆက်လက်ဖွင့်လှစ်ခဲ့သည်။
ထို့အပြင် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်
ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် မြဝတီမြို့ရှိ ရွှေတိဂုံပုံတူ စွယ်တော်ပွား စေတီ ဌာပနာသွင်း
အခမ်းအနားတက်ရောက်ရန်အတွက် မေ ၂၆ ရက်တွင် အာရှလမ်းသစ်မှ သွားရောက် ကြရာ ကျော်သက်နှင့်
စောဆန်းအောင်အဖွဲ့က အကြောင်းမဲ့ မင်းမဲ့စရိုက်ဆန်ဆန် ရပ်တန့် တားဆီး ခဲ့သည်။ တပ်မတော်နှင့်
သက်ဆိုင်ရာ အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေး
လုပ်ငန်း များ မပျက် ဆီးစေရေးနှင့် မလိုလားအပ်သော လက်နက်ကိုင်ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက်
မည်သည့် တုန့်ပြန်မှုမှ မဆောင်ရွက်ဘဲ နောင်အလားတူမပြုလုပ်ရေးကိုသာ သတိပေး ပြောကြားခဲ့သည်။
အလားတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်
အဖွဲ့ဝင်များသည် ဒေသလုံခြုံရေးစစ်ဆေးရန် အာရှလမ်း သစ်မှ သွားရောက်ရန်အတွက် ကြိုတင်အသိပေး
အကြောင်းကြားပြီး တပ်မတော်စစ်ကြောင်းများက လမ်း ကြောင်း လုံခြုံရေး ဆောင်ရွက်စဉ် ကျော်သက်နှင့်
စောဆန်းအောင်အဖွဲ့က အကြောင်းမဲ့ စတင်ပစ်ခတ်ခဲ့ခြင်းမှ စ၍ ဇူလိုင် ၂ ရက်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။
ယင်းနေ့မှစ၍ မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ်
အာရှလမ်းသစ်နှင့် လမ်းဟောင်းတို့အား ကျော်သက်နှင့် စောဆန်းအောင် ဦးစီး လက်နက်ကိုင်အဖွဲ့မှ
စတင် ပိတ်ဆို့ထားခဲ့သည်။ ကျော်သက်နှင့် စောဆန်းအောင်
အဖွဲ့အနေဖြင့် တပ်မတော် စစ်ကြောင်းအား စတင်ပစ်ခတ်ခဲ့သည့်အပြင် စစ်ရေးနှင့် မသက်ဆိုင်သော
ချောင်း တောင် ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းအား လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊
အစိုးရပိုင် ပစ္စည်း ဖြစ်သော လှိုင်ကွယ်ကျေးရွာအနီး ရာဘာခြံအတွင်းရှိ အဆောက်အဦ ၂ လုံးအား
မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ ကော့ကရိတ်မြို့
လူနေရပ်ကွက်များအတွင်းသို့ လက်နက် ကြီးများနှင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ်လမ်းဟောင်းနှင့်
အာရှလမ်းသစ်တို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်နှင့် နယ်ခြားစောင့်တပ်(BGF)
ပူးပေါင်း၍ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ယနေ့အထိ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု လမ်းဟောင်းပေါ်၌
၁၉ ကြိမ်နှင့် အာရှလမ်းသစ်ပေါ်၌ အကြိမ် ၂၀ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့
နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ကာ ထိခိုက်ဒဏ်အချို့ရရှိခဲ့သည်။ ကျော်သက်နှင့် စောဆန်းအောင်အဖွဲ့ထံမှ
အရှင်ဖမ်းမိ ၃ ဦး၊ အလောင်း ၄ လောင်း၊ လက်နက်မျိုးစုံ ၆ လက်၊ ခဲယမ်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများ
သိမ်းဆည်းရမိသည်။
တပ်မတော်အနေဖြင့် အများပြည်သူ လုံခြုံချောမွေ့စွာသွားလာနိုင်ရေး
အတွက် နယ်ခြားစောင့်တပ်များနှင့် ပူးပေါင်း၍လမ်းသစ်လမ်းဟောင်း နှစ်ခုစလုံးအား ရှင်းလင်းခဲ့ရာ ဇူလိုင် ၈ ရက် မွန်းလွဲ ၁၂နာရီခွဲတွင်
မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် လမ်းဟောင်း အား လည်းကောင်း၊ ဇူလိုင် ၉ ရက် မွန်းလွဲ
၁၂နာရီ ၄၅ မိနစ်တွင် လမ်းသစ်အား လည်းကောင်း ထိန်းချုပ်နိုင်ခဲ့ကာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းကြောင့်
ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူ ပုံမှန်အတိုင်း သွားလာလျက်ရှိပြီး ဆုတ်ခွာထွက်ပြေးသွားသော
ကျော်သက်နှင့် စောဆန်းအောင် အကြွင်းအကျန်အဖွဲ့အား ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment