နေပြည်တော် ဇူလိုင် ၂၂
ပုလဲရောင်းချပွဲ(၂၀၁၅)ကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြီး ပုလဲအတွဲများအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့်
ရောင်းချပေးလျက်ရှိသည်။
ရောင်းချပွဲ ပထမနေ့သို့ ပြည်တွင်းရတနာကုန်သည်
(၁၃)ဦးနှင့် ပြည်ပရတနာကုန်သည် (၆၁)ဦး စုစုပေါင်း ရတနာကုန်သည် (၇၄)ဦး တက်ရောက်ခဲ့ပြီး
ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲ အတွဲများ အား လာရောက်ကြည့်ရှုကြသည်။
အဆိုပါရောင်းချပွဲကို ဇူလိုင် ၂၂ ရက်မှ
၂၄ ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး ပုလဲအတွဲစုစုပေါင်း (၃၄၂)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်
ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် တင်ဒါအမှတ်(၁)ဖြစ်သည့် ပုလဲ အတွဲစုစုပေါင်း(၁၁၄)တွဲကို
ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း၊ တင်ဒါ အမှတ်(၂)နှင့် တင်ဒါ အမှတ်(၃)တို့ကို ဇူလိုင်
၂၄ရက်တွင်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment