နေပြည်တော် ဇူလိုင် ၂၂
တပ်မတော်(ရေ)က မေ(၂၁)ရက်နှင့် (၂၉)ရက်များတွင်
ကယ်ဆယ်ထားသည့် လှေစီး သွားလာသူ များအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် ထပ်မံအတည်ပြုပြီးသူ
(၁၅၅)ဦးကို ယနေ့ မွန်းတည့်(၁၂) နာရီတွင် တောင်ပြို(လက်ဝဲ)မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး
အစည်းအဝေးခန်းမ၌ နှစ်နိုင်ငံ အလံတင် အစည်းအဝေး
ကျင်းပပြီး ညနေ(၄)နာရီတွင် လွှဲပြောင်းပေးခဲ့သည်။
ထိုသို့လွှဲပြောင်းရာတွင် မြန်မာနိုင်ငံဘက်မှ
မောင်တောခရိုင် လူဝင်မှုကြီးကြပ် ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် ဦးဆောင်သောအဖွဲ့က
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် ထပ်မံ အတည်ပြုပြီး သူ (၁၅၅)ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်ခြားစောင့်
ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး MM
AnisurRAhman နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်(၂)ဦးရှေ့မှောက်တွင်
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ရင်း အမှတ်(၁၇) တပ်ရင်းမှူး ဦးဆောင်သည့် အဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
တပ်မတော်(ရေ)က ကယ်ဆယ်ခဲ့သည့် ယာယီစောင့်ရှောက် ထားသူများအနက် ကျန်ရှိသူများကို
ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက်မှ နိုင်ငံသားစိစစ်မှုများ ဆက်လက်ပြုလုပ် လျက်ရှိကြောင်းနှင့်
စိစစ် အတည်ပြု မှုများ ဆောင်ရွက်ပြီးစီးပါက မူလနေရင်းနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေး
ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


No comments:
Post a Comment