Friday, July 24, 2015

ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာ အခမ်းအနားကျင်းပ


နေပြည်တော်     ဇူလိုင်  ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံး တို့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနားကိုယနေ့ မွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံပြည်ထောင်စုလွှတ်တော်ဧည့်ခန်းမ၌ ကျင်းပသည်။


အဆိုပါ မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သြဝါဒစရိယနေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော် သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကဝိသာရ ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံး ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ   နိုင်ငံတော်သြဝါဒစရိယ  ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက် ဆရာတော်ထံမှ ပြည်ထောင်စုလွှတ်တော် နာယကွပည်သူ့လွှတ်တော်ဥက္ကဋ္ဌအမှူးပြုသော ဧည့်ပရိတ်သတ်များကငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော် မူကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။  


(သတင်းစဉ်)

No comments:

Post a Comment