ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
(အမိန့်ကြော်ငြာစာအမှတ်၊
၆၆/၂၀၁၅)
၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော်
၆ ရက်
(၂၀၁၅ ခုနှစ် ၊ ဇူလိုင်လ
၇ ရက်)
စီမံကိန်းရပ်စဲကြောင်းကြေညာခြင်း
၁။ ရန်ကုန်မြို့အား ခေတ်မီမြို့တော်အဖြစ်
တည်ဆောက်ရာတွင် မြို့ပြစည်ပင် ဖွံ့ဖြိုးမှုလုပ်ငန်းများကို အထောက် အကူပြုရန် ရည်ရွယ်၍
ကာကွယ်ရေးဝ န်ကြီးဌာန အနေဖြင့် ဆက်လက် အသုံးပြုရန် အစီအစဉ်မရှိ တော့သည့် ရန်ကုန်တိုင်း
ဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ယခင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ်
တပ်ရင်း နေရာဟောင်းတို့အား ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါ ခေါ်ယူခဲ့ရာ
အောက်ပါ ကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည်-
(က) ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်
(ခ) Adventure Myanmar Tours and
Incentives Co.,Ltd.
(ဂ) သုခရတနာ ကုမ္ပဏီလီမိတက်
(ဃ) Marga Landmark Development Co.,Ltd.
၂။ အထက်ပါ တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများက
ကုမ္ပဏီအလိုက် နိုင်ငံတကာအဆင့်မီ ဟိုတယ်များ၊ Service Apartment များ၊ ကုန်တိုက်ကြီးများ၊
စီးပွားရေးလုပ်ငန်းဌာနများ၊ လူနေအိမ်ခန်း အဆောက်အဦ များနှင့် ရုံးအဆောက်အဦများပါဝင်သည့်
စီမံကိန်းများ ရေးဆွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်သို့ အဆိုပြု ချက်များတင်ပြခဲ့ရာ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံခြား ရင်းနှီိးမြှုပ်နှံမှုဥပဒေ၊
မြန်မာနိုင်ငံ သားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့်အညီ စိစစ်ကာ ခွင့်ပြုမိန့်များ
ထုတ်ပေးခဲ့ပါသည်။
၃။ ဤသို့ ခွင့်ပြုမိန့်များ ထုတ်ပေးပြီးနောက်
စီမံကိန်းများ အကောင်အထည်ဖော်မှုကြောင့် ရွှေတိဂုံ စေတီတော်ကြီးအား ထိခိုက်မှုရှိမည်ကို
ရဟန်းရှင်လူပြည်သူအချို့ စိုးရိမ်ပူပန်လာခြင်း၊ ပညာရှင် အချို့က ပညာရပ်ပိုင်းဆိုင်ရာ
သုံးသပ်ချက်များကို နိုင်ငံတော်သမ္မတထံ ပေးပို့အကြံပြုခြင်း၊ စိုးရိမ်ပူပန်သူအချို့က
စီမံကိန်းရပ်ဆိုင်းပေးရန် နိုင်ငံတော် သမ္မတထံသို့ မေတ္တရပ်ခံလာခြင်း စသည့်အခြေအနေများကြောင့်
လည်းကောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း စီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန်
မသင့်ကြောင်း သုံးသပ်တင်ပြချက်အရလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ကလည်း စီမံကိန်းများရပ်ဆိုင်း
ပေးပါရန် တင်ပြချက်အရ လည်းကောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် လည်း
ရွှေတိဂုံစေတီတော်အပါအဝင် သိင်္ဂုတ္တရကုန်းတော် ရှိ စေတီပုထိုးများ၊ သာသနိကအဆောက်အ အုံများ၊
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများအား မည်သည့် အကြောင်းကြောင့်မျှ ထိခိုက်မှု
မဖြစ်ပေါ်ရေး ဦးစားပေး ဆောင် ရွက်ရန် လိုလားခြင်းကြောင့်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူများနှင့်
ညှိနှိုင်းရာတွင် ၎င်းတို့ကလည်း လိုလားစွာ လက်ခံခြင်းကြောင့် လည်းကောင်း၊ နှစ်ဦးနှစ်ဘက်
သဘောတူညီချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ယခင်နိုင်ငံတော် ကာကွယ်ရေးတက္က သိုလ်နှင့်
အမှတ် (၁) မော်တော်ယာဉ်တပ်ရင်း နေရာဟောင်း တို့တွင် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့်
စီမံကိန်းအားလုံးကို ဤအမိန့်ကြော်ငြာ စာထုတ်ပြန်သည့် နေ့မှစတင်၍ အပြီးသတ် ရပ်ဆိုင်းလိုက်သည်။
၎။ ဤသို့
စီမံကိန်းအားအပြီးသတ် ရပ်ဆိုင်းလိုက်ခြင်းကြောင့် စီးမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု
ဆောင်ရွက် လျက်ရှိကြသည့် ရင်းနှီးမြှုပ်နှံသူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် နိုင်ငံတော်အစိုးရ၏
အစီအစဉ်ဖြင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်သည်။
အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့
No comments:
Post a Comment