Tuesday, July 7, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်အစိုးရ၏ အထူး သံတမန်နှင့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ




နေပြည်တော်  ဇူလိုင်   
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်အစိုးရ၏ အထူး ကိုယ်စားလှယ် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာရိုဟဲအီ ဆာဆာကာဝါအား ယနေ့နံနက် ၉ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌  လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မစ္စတာရိုဟဲအီဆာဆာကာဝါနှင့်အတူ ဆာဆာကာဝါ-အမေရိကန်၏ အမှုဆောင် အရာရှိချုပ်ဘုတ်အဖွဲ့ ဥက္ကဋ္ဌ၊ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး ဒန်းနစ်စ် ဘလဲ၊ ဂျပန်ကာကွယ် ရေးဝန်ကြီးဌာန၏ အထူးအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး ရှိဂဲဂုအီဝါ ဆာကီနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုတိုးမြှင့်ရေး၊ ဂျပန်နိုင်ငံ ကာကွယ်ရေး တက္ကသိုလ် တွင် မြန်မာဗိုလ်လောင်းများ တက်ရောက်သင်ကြား နိုင်ရေး၊ ဂျူဒိုနှင့်လှံစွပ်ထိုး စသည့်အား ကစားများ မြှင့်တင်ရေးအတွက် နည်းပြများ စေလွှတ်ရေး၊ ဝတ်စုံများကူညီထောက်ပံ့ရေး၊ ဒုက္ခသည်များ ကူညီထောက်ပံ့မှု ကိစ္စရပ် များနှင့် အမေရိကန်-မြန်မာနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေး ကြသည်။

 (မြ၀တီ)
           

No comments:

Post a Comment