Tuesday, July 7, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ် စားလှယ် ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော် ဇူလိုင် 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ အမျိုးသား ပြန်လည် စည်းလုံးညီညွတ် ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်းနှင့် ဆာဆာကာဝါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ရိုဟဲအိဆာဆာကာဝါ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ (၂)နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သီလ၀ါနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နေမှု တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာသန်းအောင်၊ ဒုတိယ၀န်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး ဧည့်သည်တော် မစ္စတာ ရိုဟဲအိဆာဆာကာဝါနှင့်အတူ ဆာဆာကာဝါ-အမေရိကန် ၏ အမှုဆောင်အရာရှိချုပ် ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ အမေရိကန် အမျိုးသားစုံစမ်းထောက်လှမ်းရေး အဖွဲ့၏ ညွှန်ကြားရေးမှူးဟောင်း ရေတပ်ဗိုလ်ချုပ်ကြီး ဒန်းနစ်စ်ဘလဲနှင့် ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာန၏ အထူးအကြံပေးပုဂ္ဂိုလ်  ဗိုလ်ချုပ်ကြီးဟောင်း ရှီဂဲရု အီဝါဆာကီတို့ တက်ရောက် ကြသည်။


No comments:

Post a Comment