Friday, July 3, 2015

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗထူး တပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၊ စစ်ရာထူးခန့် ထားရေး ခန်းမဆောင်၌ သင်တန်းသားအရာရှိများ အားတွေ့ဆုံ၍ အမှာစကား ပြောကြား





နေပြည်တော် ဇူလိုင် ၃
သင်တန်းတက်ရောက်လျက်ရှိသည့် အရာရှိများသည် တစ်ဆင့်ပြီးတစ်ဆင့် ပုခုံးပြောင်းတာဝန်များ ဆက်လက် ထမ်း ဆောင်ကြမည့် သူများဖြစ်သဖြင့် တပ်မတော်၏ ရပ်တည်ချက်နှင့် သဘောထားများ၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်မှု များတွင် ရှင်းရှင်းလင်းလင်းသိရန်လိုကြောင်း၊ မိမိတို့သွား နေသည့် နိုင်ငံရေး လမ်းကြောင်းသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းဖြစ် သည့်အတွက် ယင်းလမ်းကြောင်း မှနေ၍ သွေဖည်စရာအကြောင်းမရှိကြောင်း၊
၎င်းအပေါ်တွင် မှန်မှန်ကန်ကန် တည်တည် ငြိမ်ငြိမ်ဖြင့် စည်ကမ်းနှင့်အညီ သွားရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၈ နာရီတွင် ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၊ စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ သင်တန်းသားအရာရှိများအားတွေ့ဆုံ၍ အမှာစကား ပြောကြား ရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးဝင်း၊ ဗထူးတပ်နယ်မှ နည်းပြအရာရှိများနှင့် သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားအရာရှိများ အတွက် ရွှေဖီဦးအသင့်ဖော် လက်ဖက်ရည် ထုတ်များနှင့် စာအုပ်၊ စာစောင်များ ပေးအပ်ရာ ဗထူးတပ်နယ်မှူးက လက်ခံရယူသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်က အားကစားပစ္စည်းများ ပေးအပ်ရာ အရာခံနှင့် အကြပ်ကြီး သင်တန်းကျောင်း ကျောင်းအုပ်ကြီးက လက်ခံရယူ သည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းသားအရာရှိများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးဝါး ကုသ နေသော အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း၏ရောဂါ အခြေအနေများမေးမြန်းကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် ဗထူးတပ်မြို့ အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ကွန်ပျူတာဒီပ လိုမာ တပ်ကြပ်ကြီး/ စာရေးသင်တန်း စုပေါင်းစားရိပ်သာ၌ သင်တန်းသား များနှင့် ရင်းနှီးစွာ နေ့လယ်စာအတူတကွ သုံးဆောင်ကြပြီး သင်တန်းသား များအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
၎င်းနောက် အရာခံနှင့် အကြပ်ကြီးသင်ကျောင်း၌ အားကစားခန်းမနှင့် ဂျူဒိုခန်းမ ပြုပြင်ပြီးစီးမှုအခြေအနေနှင့် လှံစွပ်ထိုးနှင့် ဂျူဒိုသရုပ်ပြသမှုများအား ကြည့်ရှုစစ်ဆေး အားပေးပြီး သင်တန်းနည်းပြများအား အရည်အသွေး ပိုမိုတိုးတက်စေ ရန်အတွက် ပြည်တွင်း ပြည်ပသင်တန်းများစေလွှတ်သွားရေး၊ တပ်မတော်သားများကြံ့ခိုင်ရေးမှ တပ်မတော်အားကစား မြှင့်တင်ရေး၊ မြန်မာ့အားကစားမြှင့်တင်ရေးအတွက်ပါ ရည်မှန်းချက်ထား လုပ်ဆောင်ရေး မှာကြားသည်။ ထို့နောက် ပြေးလမ်းပါဘောလုံးကွင်း တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ် ဆေးသည်။
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၌ ဗိုလ်သင်တန်း ကျောင်း သမိုင်းပြတိုက်အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment