Friday, July 3, 2015

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာ ကျောင်း လွှတ် ပူဇာသဘင်နှင့် သိမ်သမုတ် မင်္ဂလာ အခမ်းအနားကျင်းပ





နေပြည်တော် ဇူလိုင် ၃
မြန်မာထေရ၀ါဒ ဗုဒ္ဓစင်တာ ကျောင်းလွှတ် ပူဇာသဘင်နှင့် သိမ်သမုတ်မင်္ဂလာ အခမ်းအနားကို ဇူလိုင် ၁ ရက်က ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပ ပြုလုပ်ရာ သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ စစ်ရေးချုပ် ဗိုလ်ချုပ်ဆန်းဦးနှင့် ဇနီး၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်
ဦးတင်ယုနှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ရဲနိုင်မျိုးနှင့်ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက် လျက်ရှိသော အလှူရှင်အရာရှိများ၊ မတည်အလှူရှင်များ တက်ရောက်ကြ သည်။
ဦးစွာ သီတဂူဆရာတော်ကြီးအမှူးပြုသော သံဃာတော်များက အခမ်းအနားကို နမောဿတသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပေးပြီး မြန် မာထေရ၀ါဒ ဗုဒ္ဓစင်တာကျောင်း လွှတ် ပူဇာသဘင်နှင့် သိမ်သမုတ်မင်္ဂလာ အထိမ်းအမှတ် အဖြစ် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်မှ ဆရာတော်ဒေါက်တာ ဓမ္မသာမိက သြ၀ါဒချီးမြှင့်ပြီး ကျောင်း လွှတ်ပူဇာသဘင်နှင့် သိမ်သမုတ်မင်္ဂလာ အတွက် သီတဂူဆရာတော်ကြီးက သြ၀ါဒစကားမိန့်ကြား ချီးမြှင့်သည်။
ယင်းနောက် ကျောင်းတိုက် ခန်းမအတွင်း သံဃာတော်အရှင်သူမြတ်များက သိမ်သမုတ်ခြင်းနှင့် အန္တရာယ်ကင်းပရိတ် တရား တော်များ ရွတ်ဖတ်သ ရဇ္ဈာယ်ကြ သည်။ ဆက်လက်၍ ကျောင်းရေစက်ချပွဲနှင့် ဘွဲ့တံဆိပ် များချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ သီတဂူဆရာ တော်ကြီးမှ ချီးမြှင့်ဖွဲ့ဆိုတော် မူအပ်သော ထုတိဝေဒလ္လ ဂါထာတော်(ပါဋိ၊မြန်မာ)ကို သီတဂူဓမ္မကထိက အရှင်ဒေ၀ိန္ဒာဘိဝံသ က ရွတ်ဖတ်ခြင်း၊ မြန်မာထေရ၀ါဒ ဗုဒ္ဓစင်တာဖြစ်မြောက်ရေးအတွက် အလှူတော်ငွေ များ ပေးအပ်ခြင်း၊ သီတဂူဆရာတော်ကြီးက မြန်မာထေရ၀ါဒဗုဒ္ဓစင်တာ ဖြစ်မြောက်ရေးအတွက် စွမ်းဆောင်ခဲ့ သူများအား သာသနာ့ဒါယိကာဘွဲ့များ မှတ်တမ်းတင်ချီးမြှင့်ခြင်း၊ သီတဂူ ဆရာတော်ကြီးက တရားတော်များ ရွတ်ဖတ်သ ရဇ္ဈာယ်ခြင်း၊ ကြွရောက်လာကြသူ များက သံဃာတော် အရှင်သူမြတ်များထံ ၀ါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်လက် လှူဒါန်းခြင်းများပြုလုပ်ကြသည်။
မြန်မာထေရ၀ါဒ ဗုဒ္ဓစင်တာဖြစ်မြောက်ရေးအတွက် သီတဂူဆရာတော်နှင့် သံဃာတော်များ၊ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက စုပေါင်း လှူဒါန်း၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ မြေနေရာဝယ် ယူခြင်း၊ အဆောက်အဦပြုပြင်တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး မြန်မာထေရ၀ါဒ ဗုဒ္ဓစင်တာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများက အမေရိကန်ဒေါ်လာ ၂ သောင်း မတည်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment