နေပြည်တော် ဇူလိုင် ၂၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူ
များနှင့်အတူ မော်တော်ယာဉ်များဖြင့် နေပြည်တော်မှ ထွက်ခွာခဲ့ကြပြီး ရှမ်းပြည်နယ် ရွာငံမြို့နယ်၌
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး (၇)
က တာဝန်ယူ တည်ဆောက်နေသည့် မြို့ကြီးရေ လှောင်တမံဘက်စုံစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့
ရောက်ရှိကြရာ စီမံကိန်းလုပ်ငန်းခွင်မှ တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့သည် ရေအားလျှပ်စစ် အဆောက်အအုံအတွင်း (၁၅) မဂ္ဂါဝပ် ဓာတ်အားထွက်ရှိမည့် ဂျင်နေရေတာ
တာဘိုင်နှစ်လုံးတပ်ဆင်ရန် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မြို့ကြီးပင်မ ရေလှောင်တမံအပေါ်သို့ရောက်ရှိပြီး ရေယူ
အဆောက်အအုံ တည်ဆောက်ပြီးစီးမှု၊ ရေ၀ပ်ဧရိယာနှင့် စက်ယန္တရားကြီးများဖြင့် တမံတည်ဆောက်ရေး
လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်နေမှုကိုကြည့်ရှု စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က
ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်
အဖွဲ့သည် တမံရှင်းလင်းဆောင် ရှုရပ်သို့ရောက်ရှိပြီး ရေလှောင်တမံပုံစံငယ်နှင့် တည်ဆောက်ရေးလုပ်ငန်းများ
အပြီးသတ်ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအား
စီမံကိန်းရှင်းလင်းဆောင်၌ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က အဓိကဆောင်ရွက် ရမည့်
လုပ်ငန်းများဖြစ်သည့် အကြိုလုပ်ငန်း၊ ရေလွှဲဥမင်၊ ရေယူအဆောက်အအုံ၊ ရေအားလျှပ်စစ်စက်ရုံ၊
လျှပ်စစ်ဓာတ်အား ထုတ်ယူရန်အတွက် ရေယူတူးမြောင်း၊ မြောင်းမတော် (၁) ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊
လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မှု၊ စိုက်ပျိုးရေပေးဝေနိုင်မည့် အခြေအနေနှင့် စီမံကိန်းဆိုင်ရာ
အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍
နိုင်ငံတော်သမ္မတက စီမံကိန်းလုပ်ငန်း များနှင့်ပတ်သက်၍ ယခင်ကာလက မပြီိးပြတ်ခဲ့သည့်
စီမံကိန်း လုပ်ငန်းများကို မိမိတို့အစိုးရလက်ထက်တွင် အပြီးသတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်
ပေးလျက်ရှိကြောင်း၊ မြို့ကြီးရေလှောင်တမံကို မိတ္ထီလာလွင်ပြင်စိမ်းလန်း စိုပြည်စေရေးနှင့်
လျှပ်စစ်ဓာတ်အား ပိုမိုပေးဝေနိုင်ရေးအတွက် ရည်ရွယ် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ယခုမြို့ကြီးရေလှောင်တမံ၊
ရာဇဂြိုဟ် ရေလှောင်တမံနှင့် မြစ်သာရေလှောင်တမံ ဘက်စုံစီမံကိန်း များမှာ ပြီးစီးတော့မည်ဖြစ်ကြောင်း၊
စီမံကိန်းများ မြန်မြန်ပြီးစီးပါက ပြည်သူများအတွက် မြန်မြန်အကျိုးရှိ မည်ဖြစ်ကြောင်း၊
သို့ဖြစ်၍ စီမံကိန်းများ အချိန်မီပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက
မြို့ကြီးရေအားလျှပ်စစ်စက်ရုံနှင့် တာဘိုင်တပ်ဆင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်
လျက်ရှိသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ YMEC ကုမ္ပဏီမှ ပညာရှင်များအား လက်ဆောင် သစ်သီးပန်းခြင်း
ပေးအပ်သည်။ မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်
မြို့ကြီးကျေးရွာအနီးတွင် တည်ရှိပြီး ရေဆင်း ဧရိယာ (၇၂၅) စတုရန်းမိုင်ရှိသည်။ ကန်ရေပြည့်
ရေလှောင်ပမာဏ (၃၅၉၅၅၀)ဧကပေ၊ ကန်ရေသေ ရေလှောင် ပမာဏ (၅၉၇၇၀) ဧကပေ သိုလှောင်နိုင်မည်ဖြစ်
သည်။
တမံအမျိုးအစားမှာ
မြေသားတမံ (ဇုန်အမျိုးအစား) ဖြစ်ပြီး တည်ဆောက်ဆဲ ကျိုင်းခမ်းရေလှောင်တမံနှင့် တည်ဆောက်ပြီး
ဇော်ဂျီရေလှောင်တမံတို့မှ လျှပ်စစ်ဓာတ်အားအတွက် ထုတ်လွှတ်လိုက်သော ရေများနှင့် ရေလှောင်တမံ
နှစ်ခုအကြား စီးဆင်းသော ရေများကို စုပေါင်း သိုလှောင်၍ ရေအားလျှပ်စစ် (၃၀)မဂ္ဂါဝပ် ထပ်မံထုတ်လွှတ်နိုင်ရန်၊
သိုလှောင်ပြီး ရေများကို ထိန်းညှိ ထုတ်လွှတ်ပေး၍ ကျောက်ဆည်ခရိုင်အတွင်းရှိ ဇော်ဂျီ ဆည်ရေသောက်
ဧရိယာ (၈၂၀၀၀) ဧကအား ရေပိုမိုပေး ဝေနိုင်ရန်၊ မိတ္ထီလာ လွင်ပြင်အတွင်းရှိ မြေဧရိယာ ဧက
(၃၃၀၀၀) ကို စိုက်ပျိုးရေပေးဝေနိုင် ရန်နှင့် ဒေသတွင်း စိမ်းလန်း စိုပြည်စေရန် ရည်ရွယ်အကောင်ထည်ဖော်
ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း စီမံကိန်းတစ်ခုလုံး ပြီးစီးမည်ဖြစ်
ကြောင်း သိရသည်။






No comments:
Post a Comment