စံကားဝါ၊
ဇင်ဦး
ဓာတ်ပုံ
ရထားပို့ဆောင်ရေး
ရထားပို့ဆောင်ရေး
ဇူလိုင်လ
ဒုတိယပတ်ကစပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင် ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ
နှစ်ပေါင်း ၂၄ နှစ်အတွင်း မိုးရေချိန် စံချိန်သစ်ရွာသွန်းခဲ့လို့ ရထားလမ်းနဲ့ ကားလမ်း
ရေကျော်တာ၊ လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်ပိတ်ဆို့ ခဲ့တာ၊ မြို့၊ ရွာများအနှံ့ ရေကြီး
ရေလျှံပြီး အိမ်ခြေအများစု ရေဝင်နစ် မြှုပ်ခဲ့ရတာတွေကို တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးက
မြို့နယ် စုံမှာရှိတဲ့ ကျေးရွာအုပ်စု ၁ဝဝ ကျော် ရေလွှမ်းမိုးခဲ့ပြီး သဘာဝဘေးဒဏ်ခံ ပြည်သူများဆီ ကို
နိုင်ငံတော် သမ္မတနဲ့ တာဝန်ရှိသူတွေ ရေကြီးရေလျှံပြီး နောက်တစ်ရက်မှာပဲ ချက်ချင်း အရောက်သွားလို့
နှစ်သိမ့်အားပေး တာ၊ ကူညီထောက်ပံ့တာတွေကို တွေ့ရပါတယ်။
သဘာဝဘေးဒဏ်ဆိုတာ
ဘယ် နေရာ၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ရှောင်လွှဲလို့မရပါဘူး။ အမေရိကန်မှာ မုန်တိုင်းတိုက်နိုင်သလို
ဂျပန်မှာ လည်း ဆူနာမီနဲ့ ကြုံရတာပါပဲ။ မကြာ သေးတဲ့ကာလက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်လည်း
နီပေါမှာ လူ့ အသက်ပေါင်း များစွာနဲ့ နှစ်ပေါင်း ထောင်ချီရှိခဲ့တဲ့ ယဉ်ကျေးမှုအမွေ အနှစ်တွေ
ဆုံးရှုံးခဲ့ရတာကို အားလုံး အသိပါ။
သဘာဝဘေးဒဏ်ကို
ကြံ့ကြံ့ခံတဲ့ စိတ်နဲ့ ရင်ဆိုင်ဖို့မှာ နံပါတ်တစ်က စည်းလုံးခြင်းပါ။ ဖြူသည်၊ မည်းသည်
အမျိုးအမည် မခွဲဘဲ ဖြစ်လာတဲ့ ပြဿနာကို တုံးဆိုတိုက်၊ ကျားဆို ကိုက် ရင်ဆိုင် ကျော်ဖြတ်ကြတာကို ရခိုင်ပြည် နယ်
ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေ တွေကနေ
တွေ့မြင်ရပါတယ်။ သဘာဝဘေးဒဏ်ဆိုတာ ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ဝင်လာမယ်ဆိုတာ ကြိုတင်
ခန့်မှန်းရခက်တဲ့ အရာမျိုးပါ။ မဖြစ်သေးခင်မှာ ဖြစ်လာရင် တုံ့ပြန်ဖို့ ပစ္စည်းနဲ့ နည်းနာတွေကို
ကြိုတင်ပြင်ဆင်ရင်း ဖြစ်လာတဲ့ပြဿနာအကြီးအသေးပေါ် မူတည်ဆုံးဖြတ်ရ ခြင်းဖြစ်ပါတယ်။
စိတ်ဓာတ်ပိုင်းဆိုင်ရာ
ပြင်ဆင်မှုအနေနဲ့ စိတ်ဓာတ် မကျဖို့နဲ့ အကောင်းဆုံးတုံ့ပြန်ရင်ဆိုင်နိုင်ဖို့ ခွန်အား
သတ္တိတွေ ရှိနေဖို့လိုပါတယ်။ တစ်ဦးကောင်း တစ်ယောက် ကောင်းကနေစပြီး တစ်စုကောင်း၊ တစ်ဖွဲ့ကောင်းနဲ့
တစ်နိုင်ငံလုံးကောင်းဖို့ ကို ရှေးရှုကြရတာဖြစ်ပါတယ်။
ဒီလို
ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက် တဲ့နေရာမှာ ပထမဆုံးကျေးဇူးတင်ချင် တာက ရေကြီးရေလျှံ
ဖြစ် တဲ့ ဒေသက ဒေသခံတွေပါ။ ရေဘေးဒဏ်ကို တစ်ဖက် က ခံနေရတဲ့အချိန်မှာ အချိန်နဲ့တစ်ပြေးညီ
အားလုံးသိရှိနိုင် အောင် သတင်း အချက်အလက်၊ ဓာတ်ပုံတွေကို လူမှု ကွန်ရက်ကနေ ဆက်တိုက်ဆိုသလို
ပေးပို့နိုင်ခဲ့ပါတယ်။ မိနစ်ပိုင်း၊ စက္ကန့်ပိုင်း အတွင်းမှာပဲ ဘယ်နေရာမှာ ဘာဖြစ် နေပြီ၊
ဘယ်သူတွေတော့ ဘာတွေလုပ်နေပြီ ဆိုတာကို ချက်ချင်းသိနိုင်အောင် လုပ်ပေးတဲ့ အတွက် သက်ဆိုင်ရာ
တာဝန်ရှိသူတွေ၊ စိုးရိမ်နေကြတဲ့ မြန်မာနိုင်ငံအရပ်ရပ်က တိုင်းရင်းသားပြည်သူတွေအတွက်
အဖိုး မဖြတ်နိုင်တဲ့ သတင်းရင်းမြစ်တွေ ဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင်
ဒေသခံတွေပါဝင်တဲ့ လူမှုရေးအဖွဲ့အစည်း တွေ၊ ဘုန်းတော်ကြီးကျောင်းက ရဟန်းသံဃာတွေနဲ့ နယ်မြေတပ်ရင်း တပ်ဖွဲ့တွေက
တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ စတဲ့ အထောက်အကူပြုအဖွဲ့ အစည်းတွေရဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို
ကိုယ်တိုင်ကိုယ်ကျ မိုးထဲလေထဲ၊ ရေထဲဆင်းပြီး ချက်ချင်း ဆောင်ရွက်ကြတာကို တွေ့ရပါတယ်။
အသက်ကို
ပဓာန မထားဘဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရင်း အသက်စွန့်ခဲ့ရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ကိုလည်း
ဂုဏ်ယူချီးကျူးမိပါတယ်။ သူ့ရဲ့ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်ကိုလည်း အလေးအမြတ်ပြုရပါတယ်။
ပရဟိတ လုပ်ငန်းတွေကို အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ရင်း အရေးပေါ် ကူညီကယ်ဆယ်ရေးတွေကို ပါဝင် အားဖြည့် ဆောင်ရွက်ကြတာကို တက်ညီလက်ညီ တွေ့ရတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ အရေးကြီးရင် သွေးနီးပြီး ဒုက္ခရောက်သူတွေ့ရင် ပစ်ပယ်မထားတတ်တဲ့ မြန်မာ့ စိတ်ရင်းရဲ့ အလှတရားကို ထင်ထင်ရှား ရှား တွေ့ခဲ့ရပါ တယ်။
ပရဟိတ လုပ်ငန်းတွေကို အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ရင်း အရေးပေါ် ကူညီကယ်ဆယ်ရေးတွေကို ပါဝင် အားဖြည့် ဆောင်ရွက်ကြတာကို တက်ညီလက်ညီ တွေ့ရတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ အရေးကြီးရင် သွေးနီးပြီး ဒုက္ခရောက်သူတွေ့ရင် ပစ်ပယ်မထားတတ်တဲ့ မြန်မာ့ စိတ်ရင်းရဲ့ အလှတရားကို ထင်ထင်ရှား ရှား တွေ့ခဲ့ရပါ တယ်။
ဒါ့အပြင်
ရထားလမ်းတွေ ရေကျော်ပျက်စီးကြတော့ သွားနေဆဲရထားတွေ ဘူတာတွေမှာ ပိတ်ဆို့နေတာ၊ ဆက်လက်ထွက်ခွာလို့
မရနိုင်တာတွေကို သတင်းစာတွေမှာ နေ့စဉ် ဖတ်ရှုခဲ့ရပါတယ်။ ရထားလမ်းပေါ်က လူတွေကို ရေတွေကြားမှာ
လှေတွေနဲ့ နီးစပ်ရာအဖွဲ့အစည်းတွေက ကူညီပြီး ရေဘေးလွတ်ရာတွေမှာ နေရာပေးတာ၊ ထမင်း ဟင်း
ကျွေးနေတာ၊ ဆေးဝါးကုသပေး တာတွေကိုလည်း ဓာတ်ပုံတွေကတစ်ဆင့် သိမြင်ခွင့်ရခဲ့ပါတယ်။
ရထားပို့ဆောင်ရေးမှ
မြန်မာ့မီးရထားကလည်း ဒုတိယဝန်ကြီးဦးစီးပြီး သက်ဆိုင်ရာ အင်ဂျင်နီယာတွေ၊ တာဝန်ရှိသူတွေနဲ့
ဇူလိုင် ၁၈ ရက်က ချပ်သင်း-ကျွန်းလှ-ကိုးထောင်ဘို့၊ ထန်းတပင်မှာ ပိတ်ဆို့နေတဲ့ အမြန်ရထားနဲ့
စာပို့ရထားခြောက်စင်းပေါ်က ခရီးသည်တွေကို ရွှေဘိုက တစ်ဆင့် မန္တလေးကို ပြန်ပို့နိုင်ခဲ့တယ်။
ဒါ့အပြင် ဆည်ရွာ-နဘား-မော်လူးတို့မှာ ရောက်နေတဲ့ အမြန်ရထားနဲ့ စာပို့ရထားလေးစင်းကို
မြစ်ကြီးနားကို ပြန်လည်ပို့ဆောင် ပေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့မီးရထားရဲ့
ဝန်ဆောင်မှုတွေအနေနဲ့ မန္တလေး မှာ ရောင်းချပြီးဖြစ်တဲ့ ရထားလက်မှတ်တွေ ငွေပြန်အမ်း တာ၊
ရထား ထွက်မယ့်နေ့နဲ့ ခရီးသည်သွားလိုတဲ့ နေ့တွေမှာ အဲဒီလက်မှတ်နဲ့ ပြန်ပြီးစီးနင်းနိုင်အောင်
စီမံပေးတာ တွေလည်း တွေ့ရပါတယ်။
မန္တလေးနဲ့
မြစ်ကြီးနားကို ပို့ပေးလို့မရဘဲ လမ်းခုလတ် ဖြစ်တဲ့ မဲဇာဘူတာမှာ ခရီးသည် ၅ဝဝ ကျော်၊
ကောလင်း ဘူတာမှာ ခရီးသည် ၆ဝဝ နီးပါး၊ ကိုးထောင်ဘို့ ဘူတာမှာ ခရီးသည် ၃၅ဝ နီးပါးကို
မြန်မာ့မီးရထားက ဝန်ထမ်းတွေက သက်ဆိုင်ရာ မြို့နယ်အထောက်အကူပြုကော်မတီတွေ၊ လူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့
အလှူရှင်တွေပေါင်းပြီး ဆေးဝါးကုသပေးတာ၊ နံနက်၊ နေလယ်၊ ည ထမင်းဟင်း ကျွေးမွေးစောင့်ရှောက်ပေးတာတွေက
ချီးကျူးဖို့ကောင်း ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အလှူရှင်တွေ ကိုလည်း လေးစားမိပါတယ်။
ဇူလိုင်
၂ဝ ရက်ကစပြီး ရေကျသွားရာကနေ မန္တလေး-မြစ်ကြီးနား ကားလမ်းအသုံးပြုနိုင်တဲ့နောက်မှာ ခရီးသည်
တွေ လိုရာခရီးဆက်သွားနိုင်အောင် ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းက ကားတွေနဲ့ ချိတ်ဆက်ထွက်ခွာနိုင်အောင်လည်း
မြန်မာ့ မီးရထားက ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါ တယ်။
ရထားလမ်းပိုင်းအလိုက်
ပြေးဆွဲလို့ရတဲ့နေရာတွေမှာ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းတွေ၊ ရေဘေးသင့်ဒေသ ခံတွေအတွက်
လိုအပ်တဲ့အခြေခံစားကုန်၊ သောက်သုံးရေနဲ့ အဝတ်အထည်၊ စောင်၊ ခြင်ထောင် ပါဝင်တဲ့ ပစ္စည်းတွေကို
ကုန်တွဲတွေ၊ စာပို့တွဲတွေ စီစဉ်ပြီး လိုရာရောက်အောင် ပို့ဆောင်ပေးခဲ့တာတွေကို လူမှု
ကွန်ရက်မှာ ဓာတ်ပုံတွေနဲ့ နေ့ တိုင်းတွေ့မြင်နေရပါတယ်။
ဆည်မြောင်းတာတမံအပိုင်းကလည်း
ရေပိုတွေ ရေလွှတ်တာကို အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်နေပြီး ဆည်တာတာမံ ကျိုးပေါက်ပျက်စီးမှု
မရှိဖို့အရေး သတိ ဝီရိယထားပြီး စီစဉ်ဆောင်ရွက်နေတာကို သိရပါတယ်။ မြေသားနိမ့်ကျ တဲ့ နေရာ၊
ရေထုတ်လွှတ်မှုများတဲ့ နေရာ တွေမှာ ကြိုတင်ကာကွယ်တားဆီးမယ့် အစီအမံတွေ ဆောင်ရွက်ကြတာ လည်း
တွေ့ရပါတယ်။
ကံကြီးနှင့်
ဇော်ချောင်းဘူတာကြားမှာ အလျားပေ ၄ဝဝ နီးပါး ရေတိုက်စားသွားတဲ့ တာပေါင်ကို ယာယီ သံပေါင်နဲ့
ဘေလီတံတားထိုးတဲ့လုပ်ငန်းတွေကို အထွေထွေ မန်နေဂျာ(မြို့ပြ) ဦးစီးကာ အင်ဂျင်နီယာ ၁ဝ
ဦးနဲ့ လုပ်သား အင်အား ၂ဝဝ နီးပါး ဝိုင်းဝန်းပြီး အမြန်ပြုပြင်နေတယ်ဆို တာ မနေ့ကသတင်းများမှာ
ဖတ်ရှုရပါတယ်။
မြန်မာနိုင်ငံရဲ့
လမ်းပန်းဆက်သွယ်ရေးမှာ မီးရထားက အဓိကနေရာမှာ ရှိနေဆဲပါ။ ဒီအထဲကမှ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့
မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းက လူစီးအများဆုံးလမ်းပိုင်း
ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ရေလွှမ်းမိုးမှုနဲ့ တိုက်စားမှုကြောင့် ပျက်စီးသွားတဲ့ လမ်းပိုင်းနေရာကို
ကားလမ်းနဲ့လောလော ဆယ် အစားထိုးပြီး ဟိုဘက်ဒီဘက် ရထားလမ်းတွေက တစ်ဆင့် ဆက်သွယ်သွားလာနိုင်အောင်
ဆောင်ရွက်နေတာ ကိုလည်း ကြိုဆိုမိပါတယ်။
ဒါနဲ့ပတ်သက်ပြီး
ရထားပို့ဆောင်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးဇော်မင်းဦးက ''မန္တလေး-မြစ်ကြီးနားလမ်းပိုင်းက
လူစီးအများဆုံးလမ်းပိုင်းဖြစ်ပြီး မြန်မာပြည်မြောက်ပိုင်းက ပြည်သူတွေ အဓိကမှီခိုအားထား
နေတဲ့ လမ်းပိုင်းလည်းဖြစ်တော့ ပြတ်တောက်လို့ မရပါ ဘူး။ ဒါကြောင့် ဖြစ်လျှင်ဖြစ်ချင်းပဲ
ရထားရဲ့ သံလမ်းပိုင်းနဲ့ တံတားပိုင်းမှာ တာဝန်အရှိဆုံးဖြစ်တဲ့ အထွေထွေမန်နေ ဂျာ၊ မြို့ပြအင်ဂျင်နီယာဌာနကို
ချက်ချင်းစေလွှတ်ပြီး ဆောင်ရွက်ပါတယ်။
နောက်ပြီး
မန္တလေးမှာ အခြေစိုက်တဲ့ အထွေထွေ မန်နေဂျာ (အထက်မြန်မာပြည်)ကိုလည်း ဖြစ်ပွားရာ နေရာဖြစ်တဲ့
ကောလင်းမှာ အခြေပြုပြီး ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင်
ဒုတိယဝန်ကြီး ဦးမြင့်သိန်းနဲ့ မြန်မာ့မီးရထားက ဦးဆောင် ညွှန်ကြားရေးမှူးတို့ပါ ဖြစ်ပွားတဲ့နေရာတွေကို
သွားပြီး ကြီးကြပ်ကွပ်ကဲနေပါတယ်။ အခုအချိန်မှာတော့ ရေလည်း ပြန်ကျသွားပြီး လမ်းပိုင်းတွေ
ပြန်ဖွင့်နိုင်ဖို့ အပိုင်းကို ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။
အဓိကက
မန္တလေး-မြစ်ကြီးနား လမ်းပိုင်းမှာ မြစ်ကြီးနားကနေ ကောလင်းကို ရထားနဲ့ပို့မယ်။ မန္တလေး
ကနေ ကန့်ဘလူကို ရထားနဲ့ပို့မယ်။ ကြားထဲက ကန့်ဘလူ နဲ့ ကောလင်းကို ကုန်းလမ်းပို့ဆောင်ရေးက
ကားတွေနဲ့ ဆက်သွယ်ပို့ဆောင်ပေးပြီး ဆက်သွားလို့ရအောင် စီစဉ် နေပါတယ်။ ဒီနေ့မှာစဖို့
စီစဉ်ထားပေမယ့် တာပေါင် ရေတိုက်စားတာကြောင့် ဂါဒါဘောင်တိမ်းစောင်းမှုတွေ ရှိနေလို့ မြစ်ကြီးနား-ကောလင်းလမ်းပိုင်းက
အစုန်၊အဆန် ခရီးစဉ်တွေကို ဒီနေ့ ညနေမှာ ယာယီဖျက်သိမ်းထားပါတယ်။ မိုးညှင်း-မြစ်ကြီးနား-မိုးညှင်း
အထူးရထားနဲ့ မန္တလေး-ချပ်သင်း-မန္တလေးအထူးရထားတွေက ပြေးဆွဲနေပါတယ်''လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက
လတ်တလော ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
အရေးကြီးတဲ့
မန္တလေး-မြစ်ကြီးနား ခရီးစဉ် ပြတ်တောက်မှု မရှိစေဖို့ မန္တလေး-မြစ်ကြီးနား အဆန် ခရီးစဉ်မှာ
လတ်တလော ရထားလမ်းပြတ်တောက်နေတဲ့ ကန့်ဘလူ- ကောလင်းကို ဆက်သွယ်ဖို့ ကုန်းလမ်းပို့ဆောင်
ရေးက မော်တော်ယာဉ်ငါးစီးနဲ့ ခရီးသည်တစ်ဦးကို ကျပ် ၁ဝဝဝ နှုန်းထားနဲ့ ချိတ်ဆက်ကူးပြောင်း
ပို့ဆောင် ပေးဖို့ စီစဉ်ထားတယ်လို့ ယမန်နေ့က ရထားပို့ဆောင်ရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
နောက်ဆုံးသိရတဲ့သတင်းက
မော်လူး-နန့်စီးအောင် ကြားမှာ ရေတိုက်စားတာတွေရှိနေတဲ့အတွက် ရထား သွားလာဖို့ မဖြစ်နိုင်သေးလို့
မြစ်ကြီးနား-ကောလင်း ခရီးစဉ် အစုန်၊ အဆန်ရထားတွေကို ယာယီဖျက်သိမ်း ထားတယ်လို့ မြန်မာ့မီးရထားကနေ
ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီက သိရပါတယ်။ မိုးညှင်း-မြစ်ကြီးနား-မိုးညှင်းနဲ့ မန္တလေး-ချပ်သင်း-မန္တလေး
လမ်းပိုင်းမှာ အထူးရထားတွေ ပြေးဆွဲနေတယ်လို့လည်း သိရပါတယ်။
တစ်နေရာကတစ်နေရာ
လူနဲ့ ကုန်စည်တွေ အဆက် မပြတ် စီးဆင်းဖို့၊ ကူးသန်းသွားလာလုပ်ဖို့မှာ လမ်းပန်း ဆက်သွယ်ရေးက
အရေးကြီးပါတယ်။ ပို့ဆောင်ရေးလုပ်ငန်း တွေ အဖုအထစ်ဖြစ်တာနဲ့ နေ့စဉ်သုံးနေရတဲ့ စားသုံးကုန်၊
လူသုံးကုန်တွေ ပြတ်တောက်သွားနိုင်ပြီး မလိုလားအပ်တဲ့ ကုန်စည်ဈေးနှုန်း မြင့်တက်မှုတွေ
ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်
မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေးနဲ့ အခြားဌာနဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်အားနဲ့
ဒေသကုန်စည်စီးဆင်းမှုတွေ မပြတ်အောင် ဆက်လက် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။
ပို့ဆောင်ဆက်သွယ်ရေးတွေ
သွက်လက်မြန်ဆန်နေဖို့ ပျက်စီးချွတ်ယွင်းတဲ့လမ်းပိုင်းတွေကို အမြန်ဆုံးပြုပြင်ရင်း မြန်မာနိုင်ငံရဲ့
ကျောရိုး လမ်းမကြီးတွေ အမြန်ဆုံးသက်ဝင်လှုပ်ရှားနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။ ရထား..ရထား...
ဆက်သွားနေမယ် ဆိုတာ ယုံကြည်ကြောင်းပါ။ ။



No comments:
Post a Comment