Sunday, July 26, 2015

၂ဝ၁၅ ခုနှစ် ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၏

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဆရာတော်ကြီးများအား ၀ါဆိုသင်္ကန်းဆက်ကပ်


နေပြည်တော် ဇူလိုင် ၂၅
၂ဝ၁၅ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲတွင်ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော်များနှင့် ပင့်ဖိတ်ထားသည့် ဒေသခံဆရာတော်ကြီးများ အပါအဝင် သံဃာတော် ၆၃ ပါး ကြွရောက် တော်မူကြသည်။
အခမ်းအနား မစတင်မီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အနော်ရထာခန်းမရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ် ဆွမ်းတော်နှင့် သောက်တော်ရေချမ်းများ ကပ်လှူပြီး ဖူးမြော်ကြည်ညိုသည်။
ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးထံမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးအမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြ သည်။
ဆက်လက်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးထံသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မုံရွာမြို့ ဓမ္မပါရဂူ ပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓာနနာယက အဘိ ဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအရိယာလင်္ကာရ ဆရာတော်ကြီးထံသို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် ဆရာတော်ကြီးများထံသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေနှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် တိုင်းမှူးတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဓမ္မပါရဂူ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာန နာယက ဆရာတော်ကြီးထံမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး အမှူးပြုသော ပရိသတ်များက အနုမောဒနာ တရားနာကြား ကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အခမ်းအနား တက်ရောက် လာကြသူများက ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment