နေပြည်တော်
ဇူလိုင် ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယ
သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးမြို့ အမှတ်(၁) အခြေခံပညာ
အထက်တန်း ကျောင်းသို့ ရောက်ရှိပြီး ဓာတုဗေဒ လက်တွေ့ပြခန်း၊ ကွန်ပျူတာခန်း၊ အော်ဒီယိုခန်း၊
ဇီဝဗေဒ လက်တွေ့ပြခန်းများ အတွင်း ကျောင်းသားကျောင်းသူများ၏ လက်တွေ့ သရုပ်ပြ မှုများကို
လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် အဆိုပါကျောင်းရှိ
ပန်းဟေ၀န်ခန်းမ၌ မကွေးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ပညာရေးဝန်ထမ်းများ၊ ဆရာ၊
ဆရာမ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့
လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း က မကွေးတိုင်းဒေသကြီး အတွင်းရှိ ပညာရေးဆိုင်ရာအချက်အလက်များ၊
ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြ
သည်။
ယင်းနောက် ဒုတိယသမ္မတသည် မကွေးမြို့ အမှတ်(၁)၊
(၂)၊ (၃)၊ (၄) အခြေခံပညာ အထက်တန်း ကျောင်းများမှ ထူးချွန်ကျောင်းသားကျောင်း သူများအတွက်
ငွေကျပ်သိန်း (၁၀၀)ကို ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ဦးမြင့်သိန်း
က လက်ခံရယူသည်။
ဆက်လက်၍ အမှတ်(၁)၊ (၂)၊ (၃)၊ (၄) အခြေခံပညာ
အထက်တန်းကျောင်း များနှင့် အခြေခံပညာ အထက် တန်း ကျောင်းခွဲ(သာစည်)တို့အတွက် ကွန်ပျူတာ၊
ကျောင်းသုံးဗလာစာအုပ်နှင့် အားကစားပစ္စည်များ အား ပေးအပ် လှူဒါန်းရာ ကျောင်းအုပ် ဆရာ၊
ဆရာမကြီးများက လက်ခံရယူကြသည်။
ထို့နောက် ဒုတိယသမ္မတက တွေ့ဆုံမှာကြားရာတွင်
အဓိက လာရောက် သည့် ကိစ္စမှာ မကွေးတိုင်း ဒေသကြီး၏ အသက်(၅)နှစ်အောက် ကလေးနှင့် မိခင်သေဆုံးမှု
ကျဆင်းရေး အတွက် လာရောက်ခြင်းဖြစ်ပြီး မကွေးမြို့ သို့ ရောက်ရှိခိုက် မကွေးတိုင်းဒေသကြီး၏
ပညာရေးနှင့် သက်ဆိုင်သည့် လိုအပ်ချက်များအား ဆွေးနွေး ညှိနှိုင်း အဖြေရှာနိုင်ရန် လာရောက်ခြင်းဖြစ်
ပါကြောင်း၊ ပညာရေးဆိုသည်မှာ သင်ကြားခြင်း၊ သင်ယူခြင်း၊
သင်တန်းပေးခြင်း စသည့်လုပ်ငန်းစဉ်မှတစ်ဆင့်
ဗဟုသုတ နှင့် ကျွမ်းကျင်မှု များရရှိ လာခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ပညာရေးတွင်
အခြေခံပညာ နှင့် အဆင့်မြင့် ပညာကဏ္ဍအနက် အခြေခံပညာ၏ အတန်းများ သည် သူငယ်တန်း + ၁၀ တန်း
ဖြစ်ပြီး ၁၁ နှစ်သင်ယူရသည့်အတွက် တက္ကသိုလ် ၀င်တန်း အောင်မြင်သည့် အချိန်တွင် အသက်
(၁၆)နှစ်သာ ရှိပါကြောင်း၊ နိုင်ငံတကာ အနေဖြင့် ယင်းအသက်သည် ငယ်ရွယ်သေးပြီး ဦးနှောက်ပိုင်းဆိုင်ရာတွင်လည်း
နုနယ်သေးသည့် အချိန်ဖြစ်သည်ဟု သုံးသပ်မှု များ ရှိပါကြောင်း၊ ထို့ကြောင့် သူငယ်တန်း
+ ၁၂ တန်း သင်ကြားရန် အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းလျာထားပါကြောင်း။
ပညာသင်ယူမှုအပိုင်းတွင် အရည်အသွေးသည် အဓိကဖြစ်သကဲ့သို့
အရေ အတွက် ပိုင်းသည်လည်း အရေးကြီး ပါကြောင်း၊ မိမိတို့နိုင်ငံရှိ အဆင့်မြင့် ပညာနှင့်
အခြေခံပညာ တွင် သင်ယူနေသည့် ကျောင်းသား စုစုပေါင်း (၉)သန်းဝန်းကျင်ခန့်သည် အရည်အသွေးပြည့်မီရန်
လိုအပ်ပါကြောင်း၊ အရည်အသွေးပြည့်မီမှသာ နိုင်ငံ တကာနှင့် ယှဉ်ပြိုင်နိုင် မည်ဖြစ်ပါကြောင်း၊
ပညာရေးကဏ္ဍအတွက် နိုင်ငံတော်အစိုးရအနေဖြင့်
ခွဲဝေချထားပေးသည့် အသုံး စရိတ်သည် ၀န်ကြီးဌာန အသုံးစရိတ် အားလုံး၏ အဆင့် ၅ နေရာတွင်
ရှိပါကြောင်း၊ အရည်အသွေးပိုင်း၌ တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ၏ အရည်အသွေး ပြည့်ဝမှသာ
သင်ယူကြ သည့်ကျောင်းသားကျောင်းသူ များ အရည် အသွေးပြည့်မီနိုင်မည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏
အရည်အသွေးကို အမြဲမြှင့်တင်ကြရန် လိုအပ်ပါကြောင်း၊ သင်ကြားမှုအပိုင်းတွင် လက်တွေ့အသုံးချနိုင်
သည့်အဆင့်အထိရောက်အောင် သင်ကြားသည့် သင်ကြား မှုမျိုးဖြစ်အောင် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊
သို့မှသာ နောင်တစ်ချိန် တွင် မျိုးဆက်သစ်များက နိုင်ငံတကာ နှင့် ယှဉ်ပြိုင်နိုင်ကြမည်ဖြစ်
ပါကြောင်း။
ယနေ့အချိန်တွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ၌
ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှု ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်
နိုင်ငံတော် အနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအပြင် ပုဂ္ဂလိက အခန်းကဏ္ဍများကို
ပြုပြင်ပြောင်းလဲမှုကိုပါ အားပေးမြှင့်တင်ဆောင်ရွက် ခဲ့ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကအခန်းကဏ္ဍ တိုးတက်ရန် လိုအပ် ပါကြောင်း၊ ပုဂ္ဂလိကကျောင်းများ၊
တက္ကသိုလ်များ ပေါ်ထွက်လာပြီး အစိုးရကျောင်းများနှင့် ယှဉ်ပြိုင် လာသည့် အခါတွင် တိုးတက်မှု
များရရှိလာမည် ဖြစ်ပါ ကြောင်း။
ကလေးဗဟိုပြုသင်ကြားနည်းစနစ်ဖြစ်သော်လည်း
သင်ကြားမှုတွင် ဆရာဆရာမ များ၏ ခံယူချက်မပြောင်းပါက ကျောင်းသားကျောင်းသူများ၏ သင်ယူမှုအပိုင်းသည်
လည်း တိုးတက်လာမည်မဟုတ်ပါကြောင်း၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊
ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုး တော်ဆောင်များက အင်တိုက်အားတိုက်ပါဝင်ပြီး
တက်ညီလက်ညီ ဆောင်ရွက်မည် ဆိုပါက သင်ကြားမှု သင်ယူမှု အပိုင်းသည် ယခုထက်ပိုမို တိုးတက်လာမည်ဟု
ယုံကြည်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အဆင့်မြင့်ပညာကဏ္ဍ၊ တက္ကသိုလ် အသီးသီးတွင်လည်း
မိမိဘာသာလွတ်လပ်စွာ အုပ်ချုပ်သင်ကြား ပေးနိုင်သည့် အခြေအနေမျိုးဖြစ်အောင် လမ်းဖွင့်ပေးနေပါကြောင်း၊
အလားတူ အရည်သွေး ပြည့်မီသည့် ပညာရေးဖြစ်အောင် လည်း ဆောင်ရွက်နေ ပါကြောင်း၊
ထို့ကြောင့် အောင်မြင်အောင် အားလုံးပူးပေါင်းပါဝင်
ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါ ကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယသမ္မတသည် အခမ်းအနားသို့
တက်ရောက်လာကြ သည့် ဆရာ၊ ဆရာများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ
အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။




No comments:
Post a Comment