Sunday, July 19, 2015

နတ်မောက် ဗိုလ်ချုပ်နေအိမ်ပြတိုက် ပြည်သူများလေ့လာနိုင်ရန် အာဇာနည်နေ့ ၌ ဖွင့်ထားမည်


နတ်မောက် ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး နတ် မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်ကို ဇူလိုင် ၁၉ ရက် အာဇာနည် နေ့တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပေးထားမည် ဖြစ်ကြောင်း သိရသည်။


ဗိုလ်ချုပ် အောင်ဆန်း နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်ငယ်ဘဝမှစတင်ပြီး နိုင်ငံ့ ခေါင်းဆောင် ဘဝအထိ သမိုင်းဝင် ဓာတ်ပုံများကို မှန်ကားကြီးများဖြင့် ပြသထားပြီး ဗိုလ်ချုပ် နှစ်(၁ဝဝ) ပြည့် အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ပုံတူ စီလီကွန်ရုပ်တုကြီးနှင့် ကမ္ပည်း ကျောက်စာတိုင်များကို ကြည့်ရှု လေ့လာနိုင်သည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်ကို ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၈ နာရီတွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်ပြီး သာမန်ရက်များတွင် ပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အများပြည်သူများ လေ့လာနိုင်ရန် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။


ဇင်ဝေယံလင်း(နတ်မောက်)

No comments:

Post a Comment