အင်းတော် ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး
အင်းတော်မြို့နယ် အတွင်း၌ ဇူလိုင် ၁၃ ရက်မှ ၁၈ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့်
မဲဇာမြစ်ရေသည် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် လယ်ယာမြေဧက ၂ဝဝဝ ကျော်ခန့် မြစ်ရေလွှမ်းမိုးခြင်း
ခံနေ ရကြောင်း သိရသည်။
''လယ်တွေ
မဲဇာမြစ် ရေလွှမ်းနေတာ အခုဆိုရင် သုံးရက်လောက် ရှိပြီ ဖြစ်ပါတယ်'' ဟု လယ်နောင်ကျေးရွာမှ
ဦးဖိုးထွေး က ပြောသည်။
အဆိုပါ
ရေလွှမ်းခြင်းခံရသော လယ်ယာမြေများမှာ အင်းတော်မြို့နယ် အတွင်းရှိ ကျွဲကောလေးရွာ လယ်ကွင်း၊
ကျွဲဘူးဆိပ် သာ၊ ရွှေငှက်ရွာ လယ်ကွင်းများ၊ မန်လည်ဝါးဖြူတောင်ရွာ လယ်ကွင်းများ၊ လောင်းစုရွာ
လယ်ကွင်းများ၊ တံခွန်တိုင်တုံစည်ရွာ လယ်ကွင်းများ၊ အလယ်ဆိပ်ရွာ လယ်ကွင်းများ၊ မဲဇာရွာ
လယ်ကွင်းများ၊ လက်ပန်တန်း၊ သက္ကယ်ကျင်း၊ ထန်းတော၊ ဂျုံးဂျုံးဂျရွာ လယ်ကွင်းများနှင့်
မြစ်အနီးရှိ လယ်မြေများမှာ ဇူလိုင် ၁၈ ရက်အထိ ရေလွှမ်းနစ်မြုပ် လျက်ရှိနေကြောင်း သိရသည်။
ယခုနှစ်
စိုက်ပျိုးလျက်ရှိသော လယ်ယာမြေများမှာ မိုးစပါး စိုက်နေဆဲနှင့် စိုက်ပြီးသော လယ်များဖြစ်ကြောင်း
သိရသည်။
သန်းမောင်လေး

No comments:
Post a Comment