တိုကျို - ဇူလိုင် ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် သည်တိုကျို အိုလံပစ်ဆိုင်ရာဝန်ကြီး Mr. Toshiaki ENDO နှင့် ယနေ့ ဒေသစံတော်ချိန်
ညနေ ၄ နာရီခွဲတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ခေတ္တ တည်းခိုသည့် Hotel New Otani
၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် အားကစားဖွံ့ဖြိုးတိုးတက်ရေး၊
မြန်မာ့ဘောလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်များအား ပြုစု ပျိုးထောင်ပေးရေး
တို့ကိုဆွေးနွေး ခဲ့ကြပြီး နိုင်ငံတော် သမ္မတက ပြီးခဲ့သည့် (၂၇)ကြိမ် မြောက်အရှေ့တောင်အာရှအား
ကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အောင်မြင်စွာကျင်းပနိုင်ရန် အတွက် ဂျပန်နိုင်ငံက
ကူညီခဲ့မှုများ အပေါ် ကျေးဇူး တင်ရှိပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ယင်းနောက် ညနေ ၅ နာရီ ၁၀ မိနစ်တွင် နိုင်ငံတော်သမ္မတ
သည် မာရူဘီနီ ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Fumiyo kokubu နှင့် တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံစဉ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး၊
အခြေခံ အဆောက်အအုံ များဖွံ့ဖြိုးတိုးတက်ရေး၊ ရထားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့်
စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ညနေ ၅ နာရီ မိနစ် ၅၀ တွင် နိုင်ငံတော်သမ္မတနှင့်
တိုကျိုစတော့ အိတ်ချိန်း ဥက္ကဋ္ဌ Mr.koichiro တို့ တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ၂၀၁၅ ခုနှစ်အတွင်း
ရန်ကုန်စတော့အိတ်ချိန်း ဖွင့်လှစ် နိုင်ရေး အတွက် ဆောင်ရွက် ရန်ရှိသည့် လုပ်ငန်းစဉ်များနှင့်
စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြသည်။
ယင်းနောက် ည ၇ နာရီ ၁၀ မိနစ်တွင် နိုင်ငံတော်သမ္မတနှင့်
အီမအိဇုမိ ပညာသင်ဆု ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ အီမအီဇုမိ စဲဂျိ တို့ တွေ့ဆုံသည်။
အဆိုပါ အီမအိဇုမိ ပညာသင်ဆုဖောင်ဒေးရှင်းမှာ
ဒုတိယကမ္ဘာစစ် အတွင်းမြန်မာ နိုင်ငံတွင် ပါဝင် တိုက်ခိုက် ခဲ့သော ဂျပန်တပ်သားများအား ကူညီစောင့်ရှောက်ပေးခဲ့
သည့် မြန်မာလူမျိုးများအား ကျေးဇူး တုံ့ပြန်သည့် အနေဖြင့် ပညာရေးဆိုင်ရာကူညီထောက်ပံ့မှု
ပေးအပ်ရန် ၁၉၈၈ ခုနှစ်တွင် ထူထောင်ခဲ့သော ဖောင်ဒေးရှင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ကျောင်းသား
၁၈၇ ဦးအား ပညာတော်သင် ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီး ဖြစ်ကာ အဆိုပါကျောင်းသားများအနက်
၂၅ ဦးမှာ ပါရဂူဘွဲ့ရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံရှိ
အထက်တန်းနှင့် တက္ကသိုလ် ကျောင်း သားများအား ပညာသင်ဆု ထောက်ပံ့ပေးခြင်း၊ စာရေးကိရိယာများ
လှူဒါန်းခြင်း၊ ကျောင်းများတွင် စာကြည့်တိုက်များ လှူဒါန်းခြင်း စသည့် လှုပ်ရှားမှုများ
ပြုလုပ် လျက်ရှိသည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကူညီထောက်ပံ့မှုများ ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာကျောင်းသားများအား ပညာသင်ဆုပေးနေသည့်
အဆိုပါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ စစ်ပြန်ကြီး မစ္စတာ အီမအီဇုမိ စဲဂျိ သည် အသက် ၉၂ နှစ်ရှိပြီဖြစ်ကြောင်း
သိရှိ ရသည်။



No comments:
Post a Comment