တိုကျို
- ဇူလိုင် ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် (၇)ကြိမ်မြောက် မဲခေါင် - ဂျပန်
ထိပ်သီး အစည်း အဝေးသို့ တက်ရောက်ရန် အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက် ၆ နာရီခွဲတွင်
နေပြည် တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန် ရှိသူများက နေပြည်တော် လေဆိပ်၌ ပို့ဆောင်
နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များဖြစ်ကြသော
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊
ဦးကျော်လွင်၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာသန်းအောင်၊ ဦးရဲထွဋ်၊ ဒုတိယ၀န်ကြီး ဦးအုန်းသန်း၊
ဦးဟံစိန်၊ ဦးဆက်အောင်၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ်
ကိုကိုနိုင်နှင့် တာဝန်ရှိသူများ သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၈ မိနစ်တွင်
တိုကျိုမြို့သို့ ရောက်ရှိကြ သည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ဂျပန်နိုင်ငံ
အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဂျပန် နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ သံမှူးကြီး
ဦးဝင်းအောင်နှင့် သံရုံး၊ စစ်သံရုံး တို့မှ ၀န်ထမ်းများ၊ မိသားစုများက Haneda လေဆိပ်၌
ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်
ခေတ္တတည်းခိုမည့် Hotel New Otani သို့ မော်တော် ယာဉ်များဖြင့် ရောက်ရှိကြသည်။

No comments:
Post a Comment