နေပြည်တော် ဇူလိုင် ၅
(၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ
ပြပွဲ (၁၂)ရက်မြောက်နေ့ကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ဆက်လက်ကျင်းပရာ
ကျောက်စိမ်းတွဲ အမှတ် ၈၇၂၉ မှ ၈၈၄၈ အထိ ကျောက်စိမ်းတွဲ ၁၂ဝ ကို ဈေးပြိုင်စနစ်ဖြင့်
ဆက်လက်ရောင်းချရာ ကျောက်စိမ်းတွဲ ၅၇ တွဲ (ယူရို ၁၃၆ ဒသမ ၅၆)သန်း ရောင်းချနိုင်ခဲ့သည်။
ပြည်တွင်း ပြည်ပ ရတနာကုန်သည်များသည် ဇူလိုင်
၆ ရက်တွင်ဈေးပြိုင်စနစ်ဖြင့် ဆက်လက်ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၈၈၄၉ မှ၈၉၄၃
အထိ လွတ်လပ်စွာကြည့်ရှုလေ့လာကြသည်။
ညနေပိုင်းတွင် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးသန်းထွန်းအောင်သည် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း၏ ကျောက်စိမ်းတွဲများ ဈေးပြိုင်စနစ်ဖြင့်ရောင်းချနေမှုကို
ကြည့်ရှု အားပေးခဲ့သည်။

No comments:
Post a Comment