နေပြည်တော် ဇူလိုင် ၇
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန် အစည်းအဝေး (၆၈) ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အဦ၌
ဆက်လက် ကျင်းပသည်။
အစည်းအဝေးတွင်
နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်များဖြင့် ပေးပို့လာသော ဥပဒေကြမ်းများ နှင့်စပ်လျဉ်း၍
ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ များကို
တင်ပြကြရာ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအဖွဲ့ဝင်
ဦးစိုးမြင့်က ဘွိုင်လာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး
တမူးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ
အဖွဲ့ဝင် ဦးခင်မောင်ရွှေက ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် ဥပဒေကို ပြင်ဆင်သည့်
ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်၊
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော် မတီအဖွဲ့ဝင် ဦးသိန်းထွန်းက မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ
အမျိုးသား ကော်မတီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍လည်းကောင်း ဖတ်ကြား တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ
ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ် စား လှယ်များရှိပါက အမည်စာရင်း
တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော် သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့်
ပြန်လည်ပေးပို့လာ သော ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ရေးဆွဲ တင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြု ရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး
ဦးစောလှထွန်းနှင့် ကော်မတီဝင်များက တင်ပြကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။
ဆက်လက်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာဗုဒ္ဓဘာသာဝင်
မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဥ်း၍ ရန်ကုန်တိုင်းဒေသ ကြီး မဲဆန္ဒနယ်
အမှတ်(၁) မှ လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က ဖွဲ့စည်း ပုံ အခြေခံဥပဒေ အခန်း(၁) ပုဒ်မ(၁)တွင်
မြန်မာနိုင်ငံသည် အချုပ် အခြာအာ ဏာပိုင် လွတ်လပ် သည့် နိုင်ငံဖြစ်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း
၊ ယင်းအနှစ်သာရကို မိမိတို့ သရုပ်ဖော်ကြရမည် ဖြစ်ပါကြောင်း ၊ ယခု ဥပဒေသည် အခြားသော
ဥပဒေ များနှင့် မတူဘဲ ပြည်တွင်း၊ ပြည်ပများမှ ကန့်ကွက်နေသည့်ကြားကပင် ယင်းဥပေ ဒကို ပြဋ္ဌာန်းနိုင် ရန်
ဆောင်ရွက်နိုင်ပြီ ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ၊ ခေတ်အဆက်ဆက် ကတည်းက
မြန်မာအမျိုးသမီးများ နှင့်ပတ်သက်ပြီး အသုံးပြုခဲ့သည့် ဓမ္မသတ်၊ ဓလေ့ထုံးတမ်းစဉ်လာများ
ရှိခဲ့ပါကြောင်း။
၁၉၅၄ ခုနှစ် ဥပဒေထဲတွင်လည်း မြန်မာ့ထုံးတမ်းဓလေ့များနှင့်
ဗုဒ္ဓဘာသာ ဓမ္မသတ်များကို ထည့်သွင်း ဆုံးဖြတ်ဆောင် ရွက်ခဲ့သည်များ ရှိပါကြောင်း၊ ယခုလည်း
မိမိတို့အမျိုးသားလွှတ်တော်က မြန်မာ့ဓလေ့ထုံး တမ်းဥပဒေတို့နှင့်အညီ ဆုံးဖြတ်ရမည်၊ ပြည်သူ့လွှတ်တော်က
ဤဥပဒေနှင့်အညီ ဆုံးဖြတ်ရမည်ဟု ပါဝင်ပါကြောင်း၊ ဤဥပဒေသည် မြန်မာ့ဓလေ့အားလုံးကို မစည်းနှောင်နိုင်ဟုဆိုသည့်တိုင်
လိုအပ်သည့်အခါတွင် ထိရောက် မှန်ကန်သည့် အဆုံးအဖြတ်ကိုရရှိနိုင်ရန် ပံ့ပိုး အထောက်အကူပေးနိုင်မည်ဟု
ယူဆပါကြောင်း။
မိမိတို့နိုင်ငံ တွင် ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့ကြသည့်
ဓလေ့ထုံးတမ်း များနှင့် အစဉ်အလာများ၊ ယဉ်ကျေးမှု များ ပျောက်ကွယ်၍ ပျက်စီးမသွားစေရန်
ရည်ရွယ် ပါကြောင်း ၊ ဆုံးဖြတ်ချက်မှန်ကန်၍ တိကျနိုင်ရန်လည်း ရည်ရွယ်ပါကြောင်း၊ ၁၉၅၄
ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေ၌ ပုဒ်မ (၂၆) တွင် ဤဥပဒေအရ ထိမ်းမြား ကြသူတို့သည် သို့တည်းမဟုတ်
ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်းခံရသူတို့၏ အမွေ ဆက်ခံမှုနှင့် စပ်လျဉ်းသည့် ကိစ္စအားလုံးကို
ထိုသူတို့နှင့် ထိုသူတို့၏ မိသားစု အားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ ဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာ ဓမ္မသတ် အတိုင်း ဆုံးဖြတ်ရမည်ဟု
ပါဝင်ပါကြောင်း။
ယခုဥပဒေကို ပြဋ္ဌာန်းရာတွင်လည်း အစဉ်အဆက် အသုံးပြုလာခဲ့သည့်အပေါ်
ဆိုးကျိုးမရှိဘဲ ယင်းကိုအသုံးပြုခြင်း အားဖြင့် ကောင်းကျိုးကိုသာ ဖြစ်လာနို်င်ပြီး
အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကိုသာ ချမှတ်နိုင်မည်ဖြစ်သည့်အတွက် အမျိုးသား လွှတ်တော်၏
မြန်မာဗုဒ္ဓဘာသာဝင် မိန်းမနှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သော ယောက်ျား တို့၏ ထိမ်းမြားခြင်း
၊ လင်မယား ကွာရှင်းခြင်း ၊ ပစ္စည်း ခွဲဝေရေး ၊ အမွေဆက်ခံရေး ၊ သားသမီး ထိန်းသိမ်းရေးနှင့်
သက်ဆိုင်သည့် အငြင်းပွားမှုများကို ဤ ဥပဒေနှင့် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေတို့နှင့်အညီ ဆုံးဖြတ်ရမည်ဆိုသည်ကို
မိမိက ထောက်ခံ ဆွေးနွေးအပ်ပါကြောင်းဖြင့် တင်ပြဆွေးနွေးပြီး တစ်ပိုဒ် ချင်းစီအလိုက်
အတည်ပြုရန် လွှတ်တော် ၏ အဆုံးအဖြတ်ကို ရယူကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေး ရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေး
ရေး ကော်ပိုရေးရှင်းတို့အား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ စာရင်းပြင်ပမှ ဆောင် ရွက် သော နိုင်ငံပိုင်
စီးပွားရေး အဖွဲ့အစည်းများအဖြစ် ရငွေ ၊သုံးငွေ စာရင်းများ ပြောင်းလဲ ပြင်ဆင်ရန် ကိစ္စနှင့်စပ်လျဉ်း၍
ဥပဒေကြမ်းပူးပေါင်းကော်မတီကိုယ်စား ရွှေပြည်သာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရန်အတွက် စက်မှုကဏ္ဍဖွံ့ဖြိုးတိုး တက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊
ယင်းသို့ စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် အဓိကလိုအပ် ချက်ဖြစ်သည့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးသည့်
လုပ်ငန်းများ တိုးတက်မှုရှိရမည်ဖြစ်ပြီး ထိုသို့ တိုးတက်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏
ဓာတ်အားလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်း ပေးနိုင်မည်ဖြစ် သည့် အတွက် ထောက်ခံပါကြောင်းဖြင့်
ဆွေးနွေးသည်။
အလားတူ မလှိုင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဦးအေးမောက်က လျှပ်စစ်ဓာတ်အားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ရာတွင် ပုဂ္ဂလိကပိုင်းဖြင့်
ဆောင်ရွက်နေမှု အခြေအနေများ၊ ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်မှုဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို
ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကြသည်။
ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆
ပုဒ်မခွဲ (ခ)တွင် အကျုံးဝင်သည့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်သည့် ဥပဒေ မူကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စား လှယ်များက ဆက်လက်ဆွေးနွေးကြပြီး
ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ လွှတ်တော်၏ အဆုံးအဖြတ်
ရယူမည့် အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။

No comments:
Post a Comment