Tuesday, July 7, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လားရှိုးမြို့အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ ဆရာမများ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံ




နေပြည်တော် ဇူလိုင် ၇
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ အမျိုးသား လေကြောင်းလိုင်းဖြင့် လားရှိုးမြို့သို့ရာက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ အရှေ့မြောက် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ ပြည်နယ် ၀န်ကြီးများနှင့် တာဝန်ရှိသူများက လားရှိုး လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းတို့မှ ဆရာ ဆရာမများ၊ မိဘဆရာအသင်းအဖွဲ့များနှင့် ကျောင်းအကျိုးတော်ဆောင် များအား တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဒုတိယ ကျောင်းအုပ်ဆရာကြီးတို့က သက်ဆိုင်ရာကျောင်း အလိုက် ကျောင်းသမိုင်းအကျဉ်းနှင့် ပညာရေးဆိုင်ရာအချက်အလက်များ၊ နှစ်အလိုက် တက္ကသိုလ်ဝင်တန်း အောင်မြင်မှု နှုန်းနှင့် ထူးချွန်အောင်မြင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့်  ကျောင်းအကျိုးတော်ဆောင် များက သက်ဆိုင်ရာ ကျောင်းအလိုက် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်း ကူညီပံ့ပိုးဆောင်ရွက်ပေးနေမှု၊ စာသင်ဆောင် နှင့် သင်ထောက်ကူလိုအပ်ချက်၊ ဆရာ ဆရာမ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန် တစ်ကျောင်းလျှင် အလှူငွေကျပ် သိန်း(၅၀)စီကို သက်ဆိုင်ရာ ကျောင်းအကျိုးတော် ဆောင်များထံ ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတသည် မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ကျောင်း အကျိုးတော်ဆောင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး စုပေါင်း၍ဓာတ်ပုံ ရိုက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယသမ္မတက ယခင် လားရှိုးမြို့ခရီးစဉ်တွင် ဒေသခံများ၏ တင်ပြချက်များအရ လားရှိုးမြို့ရှိ အခြေခံပညာအ ထက်တန်းကျောင်းများ၏ လိုအပ် ချက်များကို သိရှိရသည့်အတွက် အတတ်နိုင်ဆုံး ဖြည့် ဆည်း ဆောင်ရွက်ပေးရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း။
နိုင်ငံတော်အစိုး ရအနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ် ထက် တစ်နှစ်ဘဏ္ဍာငွေများ ပိုမိုခွင့်ပြုချ ထားပေးပြီး ဘက်ပေါင်းစုံက ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသော်လည်း ပညာရေးကဏ္ဍသည် ကြီးမားကျယ်ပြန့်ပြီး လိုအပ်ချက်များစွာရှိနေသဖြင့် ဦးစားပေးအစီအစဉ်အတိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
တာဝန်ရှိသူများအနေဖြင့် ဒေသဆိုင်ရာလိုအပ်ချက်များကို တင်ပြရာတွင် မိမိတို့ ဒေသရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများနှင့် ချိတ်ဆက်ပြီး စနစ်တကျ တင်ပြရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့တင်ပြချက်သည် ထိရောက်မှန်ကန်မှုရှိပြီး အကျိုးသက် ရောက်မှု မြန်ဆန် ကောင်းမွန်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် လားရှိုးမြို့ရှိ အမှတ်(၂)၊ အမှတ်(၃) အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်း များမှ ဆရာ ဆရာမများ၊ မိဘဆရာ အသင်းအဖွဲ့များနှင့် ကျောင်းအကျိုးတော် ဆောင်များအား တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးတို့က သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းသမိုင်း အကျဉ်းနှင့် ပညာရေးဆိုင်ရာ အချက် အလက်များ၊ နှစ်အလိုက် တက္ကသိုလ်ဝင်တန်း အောင်မြင်နှုန်းနှင့် ထူးထူးချွန်ချွန် အောင်မြင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းအကျိုးတော်ဆောင်များ က သက်ဆိုင်ရာကျောင်း အလိုက် ကျောင်းနှင့်ပ ညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးနေမှု အခြေအနေများ ကိုလည်းကောင်း၊ စာသင်ဆောင်နှင့် သင်ထောက်ကူလိုအပ်ချက်၊ ဆရာ ဆရာမ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန် တစ်ကျောင်းလျင် အလှူငွေကျပ် သိန်း(၅၀)စီကို သက်ဆိုင်ရာ ကျောင်းအကျိုးတော် ဆောင်များထံ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ဒုတိယသမ္မတသည် မိဘဆရာအသင်းအဖွဲ့ဝင်များ၊ ကျောင်း အကျိုးတော်ဆောင်များ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး စုပေါင်း၍ ဓာတ်ပုံရိုက်ကြ သည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယသမ္မတက နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပညာရေးသည်သာ ဦးဆောင်ဦးရွက်ပြု နိုင် သည်ဟု ယေဘုယျ အားဖြင့် ပြောလို ပါကြောင်း၊ ထို့ကြောင့် ပညာရေးအဆင့်အတန်းမြင့်မားပြီး နိုင်ငံတကာ နှင့် ရင်ပေါင်တန်း နိုင်ရန် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ ပညာအရည်အ သွေးသည် အလွန်အရေးကြီးပါကြောင်း။
မိမိတို့၏ အဓိကရည်မှန်းချက်သည် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ပညာအရည် အသွေးပြည့် ၀ရေးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာ ဆရာမ များကိုယ်တိုင် ပညာအရည်အသွေးမြင့်မားအောင် အမြဲမပြတ်ဖြည့်ဆည်းလျက် သားတပည့်များဖြစ်သည့် ကျောင်းသား ကျောင်းသူများကို ပညာအရည်အသွေး ပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် လူတော် လူကောင်းများဖြစ်အောင် လေ့ကျင့် သင်ကြားပေးရန် အထူးလို အပ်ပါကြောင်း။
မိမိတို့ကျောင်းများ၏ ရရှိပြီးအောင်မြင်မှုအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းပြီး အနာဂတ်တွင် ရုပ်ပိုင်းဆိုင် ရာနှင့် ပညာအရည်အသွေးပိုင်းပါ ပိုမိုတိုးတက် အောင်မြင်အောင် တက်ညီလက်ညီဖြင့် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်းပြောကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင် ရွက်ပေးသည်။       


No comments:

Post a Comment