ရန်ကုန် ဇူလိုင်
၂၀
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် လူမှုအဖွဲ့ အစည်းများအကြား
ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ
Park Royal ဟိုတယ်၌ ကျင်းပသည်။ အစည်းအဝေးသို့
ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊
ကော်မရှင် အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ
ကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးကိုကိုနှင့် ရွေးကောက်ပွဲအရာရှိ ဦးခင်ဇော်ထွန်း၊ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း (၅၁) ဖွဲ့နှင့်
နိုင်ငံတကာ အဖွဲ့အစည်း(၉)ဖွဲ့မှ တာဝန်ရှိသူ(၆၆)ဦး တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယနေ့ အစည်း အဝေးသည် ကော်မရှင်နှင့် လူမှုအဖွဲ့ အစည်းများအကြား
ပူးပေါင်းညှိနှိုင်းခြင်း သတ္တမအကြိမ်မြောက်ဖြစ်ကြောင်း၊ ယခုလို တွေ့ဆုံညှိနှိုင်း ပူးပေါင်း
ဆောင်ရွက်ခဲ့သဖြင့် ယခင် ရွေးကောက်ပွဲများ၏ အားနည်းချက်၊ လိုအပ်ချက်များကို ပြင်ဆင် ဆောင်ရွက် နိုင်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွက်လည်း များစွာ
အထောက်အကူဖြစ်ခဲ့ကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင်
ရွေးကောက်ပွဲသည် အသက်တ မျှအရေးကြီးကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ရွေးကောက်ပွဲကို
စိတ်ဝင်တစား စောင့်ကြည့်နေ ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာမှုရှိစွာ
ကျင်းပပေး မည်ဖြစ်ပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးခြင်းသည် နိုင်ငံ၏ဂုဏ်သိက္ခာ၊
နိုင်ငံ၏ပုံရိပ် ဖြစ်ကြောင်း။
လူမှုအဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက်
ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ကြ ရန်နှင့် ဘက်လိုက်မှု ကင်းသည့်
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းကို ဆောင်ရွက် ကြရန်ပြောကြား လိုကြောင်း၊ ရွေးကောက် ပွဲစောင့်ကြည့်
လေ့လာသူများအနေနှင့် ရွေးကောက်ပွဲတွင် ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် မီဒီယာများသည်
ဥပဒေနှင့် အညီ ဆောင်ရွက်မှုရှိ/ မရှိနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၏ အားနည်းချက်၊
အားသာချက်များကို ကြည့်ရှုမှတ်တမ်းပြုစုပြီး Report ရေးသားတင်ပြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ
လုပ်ငန်းစဉ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်မိစေရန် အထူးသတိချပ်စေ လိုကြောင်း၊
ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို UEC Website တွင် ဖိတ်ခေါ်ထားပါကြောင်း၊ ပြည်တွင်းစောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ် များနှင့်အညီ
ကော်မရှင်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် မိမိတို့
စောင့်ကြည့်လေ့လာလိုသည့်အပေါ် မူတည်၍ လျှောက် ထား နိုင်ကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအားလုံး
အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ နည်းဥပဒေ များ၊ ညွှန်ကြားချက်များနှင့် ပြည်တွင်းရွေးကောက်ပွဲ
စောင့်ကြည့်လေ့လာသူများကျင့်ဝတ်ကို လိုက်နာရန် လိုကြောင်း။
ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကိုလည်းကောင်း၊ လွှတ်တော်များအလိုက်
မဲဆန္ဒနယ် များကိုလည်းကောင်း၊ လွှတ်တော်အသီးသီးအတွက်
လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့်
စပ်လျဉ်းသည့်နေ့ရက်များကိုလည်းကောင်း သတ်မှတ်
ကြေညာပြီး ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် လောင်း အမည်စာရင်း စိစစ်ပြီးပါက
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာ ခြင်းနှင့် လွှတ်တော်ကိုယ်စား လှယ် လောင်းများ
Election Campaign ဆောင်ရွက်မည့် ကာလကို သတ်မှတ်
ကြေညာသွားမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ကာလအလိုက်၊ လုပ်ငန်းစဉ်အလိုက် စောင့်ကြည့်
လေ့လာရေး ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း။
မဲစာရင်းများကြေညာသည့်အခါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့် မဆုံးရှုံးရအောင်
မဲစာရင်းတွင် အမည်ပါရှိရေး၊ ပယ်မဲမဖြစ်အောင် မှန်ကန်စွာ မဲပေးနိုင်ရေးတို့အတွက် လူမှုအဖွဲ့စည်းများ
အနေဖြင့် ပြည်သူလူထုအား အသိပညာပေးဆောင် ရွက်ခြင်းကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့်
ထိထိ ရောက် ရောက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြား သည်။
ထို့နောက် အခြေခံမဲစာရင်းကြေငြာသည့် လုပ်ငန်းစဉ်မှ ရရှိသည့်
သင်ခန်း စာများနှင့် တစ်နိုင်ငံလုံး မဲစာရင်းကြေငြာ မည့်လုပ်ငန်းစဉ်အား ကော်မရှင်အဖွဲ့ဝင်
ဦးဝင်းကြည်က ရှင်းလင်း ဆွေးနွေး ပြီးနောက် တံဆိပ်တုံးနှင့် မဲပေးသည့် စနစ်အပေါ် ခိုင်လုံမဲ၊
ပယ်မဲနှင့်စပ်လျဉ်း၍ လူမှုအဖွဲ့အစည်းများမှ အကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြေရှင်းခြင်းနှင့်ပတ်သက်၍
ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက လည်းကောင်း၊
ကျား/မ ညီမျှရေးလုပ်ငန်း တိုးတက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ ဝင်
ဒေါက်တာ ဒေါ်မြင့်ကြည်က လည်းကောင်း၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက်ကွန်ယက်
(MERIN-Myanmar Electoral Resources and
Information Network) နှင့် စပ်လျဉ်း၍ IFES နှင့် MERIN မှ တာဝန်ရှိသူများ ကလည်းကောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ များဆိုင်ရာ အသိအမှတ်
ပြုလွှာလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင်ကလည်းကောင်း ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရာက်လာသူ များမှ
သိရှိလိုသည့် မေးမြန်း ချက်များ အပေါ် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅
ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား လွတ်လပ်မျှတ၍ ပွင့်လင်းမြင် သာမှုရှိစွာ ကျင်းပ နိုင်ရေးအတွက်
လူမှုအဖွဲ့အစည်းများ၏ စွမ်းအားမှာ မဖြစ်မနေလိုအပ်သဖြင့် ပူးပေါင်းဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားသည်။

No comments:
Post a Comment