Monday, July 20, 2015

အိန္ဒိယနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး မြန်မာရေလုပ်သားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေး နိုင်ရန် ညှိနှိုင်းစီစဉ်ဆောင်ရွက်လျှက်ရှိ

နေပြည်တော် ဇူလိုင် ၁၇
နိုင်ငံတော် အစိုးရ အနေဖြင့် ပြည်ပ နိုင်ငံများတွင် လူကုန်ကူးမှု ခံရသော နိုင်ငံသားများနှင့် အကြောင်းအမျိုး မျိုးကြောင့် ပြစ်ဒဏ် ကျခံရပြီး လွတ်မြောက်လာသော နိုင်ငံသားများအား သက်ဆိုင်ရာ နိုင်ငံများနှင့် ညှိနှိုင်း၍ အမိနိုင်ငံသို့ အမြန်ဆုံး ပြန် လည် ခေါ်ဆောင် ပေးလျှက်ရှိသည်။

ထိုသို့စီစဉ်ဆောင်ရွက်ပေးခဲ့ရာတွင် အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်း၌ လူကုန်ကူးခံရပြီး ရောက်ရှိနေ သည့် မြန်မာနိုင်ငံသားများ အား ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာ နနှင့်‌ ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)မှ ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၅ ခုနှစ်၊ မေ ၁၄ ရက်က မြန်မာနိုင်ငံသား (၁၂၅)ဦး၊ မေ ၂၈ ရက်က (၁၂၉)ဦးနှင့် ဇွန်လ ၁၀ ရက်က (၁၃၂)ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၅၁၄)ဦးကို အပြည်ပြည် ဆိုင်ရာ မြန်မာလေ ကြောင်း အထူးလေယာဉ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်း လေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ၎င်းတို့၏ နေရပ်အရောက်ပို့ဆောင်ပေး နိုင်ခဲ့ကာ လုပ်ခလစာ ပြန်လည်ရရှိရေး အတွက်လည်း အင်ဒိုနီးရှားနိုင်ငံ အလုပ် သမားဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်လျှက်ရှိသည်။
အလားတူ အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်းရောက်ရှိခဲ့သော မြန်မာနိုင်ငံမှ ရေလုပ်သား များအား အိန္ဒိယကမ်း ခြေစောင့်တပ်ဖွဲ့က ဖမ်းဆီး၍အိန္ဒိယနိုင်ငံ၏ ဥပဒေအရ ပို့ဘလဲယား အကျဉ်းထောင်၌ ပြစ်ဒဏ်ကျ ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသူများအား နိုင်ငံတော်အစီအစဉ်ဖြင့် လေကြောင်းမှ ပြန်လည် ခေါ်ဆောင်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် (၁၄၂)ဦး၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် (၁၂၃)ဦး၊ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီတွင် (၄၁၁)ဦးကို မြန်မာနိုင်ငံ သို့ ပြန်လည်းခေါ်ဆောင်နိုင် ခဲ့ပြီး ဖြစ်သည်။
ထို့အပြင် ယခုနှစ်အတွင်း ပြစ်ဒဏ်ပြီးဆုံး၍ Adaman & Nicobar Island ရှိ ပို့ဘလဲယားအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော်လည်း ၎င်းအကျဉ်းထောင် အပြင်ဘက်ရှိ စခန်းများတွင် ထိန်းသိမ်းထားရှိသော မြန်မာ ရေလုပ်သားများအား Adaman & Nicobar Island နှင့် အနီးဆုံး မြန်မာနိုင်ငံပိုင် ကိုကိုးကျွန်းသို့ ရေလမ်းကြောင်းမှ ပို့ဆောင်ပေးနိုင်ရန် နယူးဒေလီရှိ မြန်မာ သံရုံးအနေဖြင့် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိသည်။
ယခုအခါ မြန်မာဘက်မှ အဆိုကို အိန္ဒိယဘက်မှ သဘောတူသည့်အတွက် မြန်မာရေလုပ်သားများကို အိန္ဒိယကမ်းခြေစောင့် သ‌င်္ဘောများဖြင့် ကိုကိုးကျွန်းသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး နှစ်ဘက်ညှိနှိုင်း၍ မုတ်သုံရာသီအပြီး နိုဝင်ဘာလမှ မတ်လအတွင်းတွင် စတင်စီစဉ်မည် ဖြစ်ကြောင်းသိရပါသည်။

အဆိုပါ မြန်မာရေလုပ်သားများသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ရေပိုင်နက်အနီးတွင် လေမုန်တိုင်း မိခြင်း၊ စက်လှေ ပျက်ခြင်းနှင့် ရေပိုင်နက်မှား ယွင်း၍ တရားမဝင် ဝင်ရောက်မိခြင်းစသည့် အကြောင်း အမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်းသို့ ရောက်ရှိသွားခဲ့သဖြင့် အိန္ဒိယကမ်း ခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးပြီး အိန္ဒိယနိုင်ငံ၏ ဥပဒေအရ တရားစီရင်၍ Adaman & Nicobar Island ရှိ ပို့ဘလဲယား အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်သည်။
မြန်မာရေလုပ်သားများ စာရင်းကို Adaman & Nicobar Island အုပ်ချုပ်ရေးအဖွဲ့က အိန္ဒိယပြည်ပ ရေးရာဝန်ကြီး ဌာနမှတစ်ဆင့် မြန်မာသံရုံးသို့ အကြောင်းကြားလာမှုအပေါ် မြန်မာ သံရုံးမှ မြန်မာနိုင်ငံနိုင် ငံခြားရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြပြီးနောက် နယူးဒေလီမြို့၊ မြန်မာသံရုံးမှ သံရုံးကိုယ်စားလှယ် တစ်ဦး၊ ကော်လ်ကတ္တားမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှ ကိုယ်စား လှယ်တစ်ဦးတို့သည် စခန်းများသို့ သွားရောက် ၍ Bio Data များ ကောက်ယူခြင်း၊ Certificate of Identity (C of I) ပြင်ဆင်ပေးခြင်းနှင့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အတည်ပြုခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
                                                                                                       

No comments:

Post a Comment