နေပြည်တော် ဇူလိုင် ၂၁
ကန့်ဘလူမြို့၌ ရောက်ရှိနေသော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင်
ကန့်ဘလူမြို့ အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် ကန့်ဘလူ မြို့နယ်မှ
လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊
ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊
ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့
တက်ရောက်သည်။
ထိုသို့ တွေ့ဆုံစဉ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက
မြို့နယ်ဆိုင်ရာ အချက်အလက်များ၊ မြို့နယ်အတွင်း
ရေကြီးရေလျှံမှု အခြေအနေများနှင့် မြို့နယ်အတွက်
ဖြည့်ဆည်းဆောင်ရွက် ပေးစေလိုမှုများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ၀န်ကြီးချုပ်က စစ်ကိုင်း တိုင်းဒေသကြီးအတွင်း
မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ဆည်တမံများ၌ ရေကြီးရေလျှံဖြစ်ပွားခဲ့မှု၊ ကယ်ဆယ် ရေးနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ပြန်လည်ပြုပြင် တည်ဆောက်နေမှု၊ ရေဘေးသင့်ပြည်သူများ
နေထိုင်စားသောက်ရေးနှင့် သဘာဝဘေး ကာကွယ်တားဆီးရေး အစီအမံများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ယနေ့ကမ္ဘာပေါ်တွင်
ရာသီဥတုပြောင်း လဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရပြီး ပျက်စီးဆုံး
ရှုံးမှုများကြုံတွေ့နေရပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို တားဆီး၍ မရသော်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှု
အနည်းဆုံးဖြစ်အောင် ကြိုတင်ပြင် ဆင်ဆောင်ရွက်နိုင်ပါကြောင်း။
မိမိတို့အစိုးရတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ
အတွေ့အကြုံများ ရှိပြီးဖြစ်ပါကြောင်း၊ သဘာဝဘေးကြုံတွေ့လာပါက ရှေးဦးစွာ အသက် ရှင်သန်ရပ်တည်ရေးနှင့်
စားဝတ်နေရေးအတွက် လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်းဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊
ထို့ပြင် ကူးစက် ရောဂါများ မဖြစ်ပွားစေရန် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို
ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် ပြန်လည် ထူထောင်ရေးအတွက် ရေတို၊ ရေရှည်လုပ်ငန်းများ
ခွဲခြားပြီးဦးစားပေး အလိုက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ
ရေဘေးသင့် ပြည်သူများအတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍
ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။
ကန့်ဘလူမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်
ရေကြီးရေလျှံမှုကို စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှု
နည်းပါးခဲ့ခြင်း ဖြစ်ပါကြောင်း၊ နောင်တွင်လည်း သဘ၀ဘေးအန္တရာယ် ကြုံတွေ့လာပါက စာနာစိတ်၊
ညှာတာစိတ်၊ ကူညီလိုစိတ်များဖြင့် တက်ညီလက်ညီဖြင့် ၀ိုင်းဝန်း ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရန်
လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊
ပြည်ထောင်စုဝန်ကြီးများ၊ ၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီးများနှင့် အလှူရှင်များက ရေဘေးသင့်
ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့
တက်ရောက်လာ ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည်
မဟာရွှေစည်ကြီး စေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညိုကာ ဧည့်သည်တော်မှတ်တမ်း တွင်
လက်မှတ်ရေးထိုးပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ကန့်ဘလူမြို့ရှိ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး
ဆေးရုံ အုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျန်းမာရေး ၀န်ထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံတော်အနေဖြင့် ကျန်းမာရေးအတွက် အသုံးစရိတ်များကို
ပိုမိုတိုးမြှင့် ခွင့်ပြုပေးလျက်ရှိကြောင်း၊ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့် ရှောက်မှုအပြည့်အ၀ရရှိနိုင်ရေး
ကြိုးစားလုပ်ကိုင် ပေးကြရန်နှင့် မိမိတို့ နိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေရန်
ဆရာ၊ ဆရာမများ အနေဖြင့် ရောဂါ ပျောက်ကင်းအောင် ကုသပေးသည့်အပြင် ကျေးရွာများသို့ ကိုယ်တိုင်
သွားရောက်၍ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးအသိပညာ ဗဟုသုတ တိုးပွားလာစေရန် ပညာပေးလုပ်ငန်းများ
ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ကလေးကုသဆောင်၌ ဆေးဝါးကုသမှုခံယူနေသည့်
ကလေးငယ်များအား ကြည့်ရှုပြီး အာဟာရဖြည့် စွက်စာများနှင့် ထောက်ပံ့ငွေ များကို ပေးအပ်ကြသည်။
ယင်းနောက် ရဟတ်ယာဉ်များဖြင့်
ဝန်းသိုမြို့သို့ရောက်ရှိသည်။ ထိုမှတစ်ဆင့် ကောလင်းမြို့သို့ မော်တော်ယာဉ်များဖြင့်
ဆက်လက် ထွက်ခွာပြီး ကောလင်းမြို့ ဒက္ခိဏာရာမအလယ်ကျောင်းတိုက်ရှိ
သာသနာ့ ဓဇ ဓမ္မာစရိယ ဆရာတော် ဘဒ္ဒန္တ အဂ္ဂ၀ံသ အမှူးပြုသော ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ
လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ အဆိုပါကျောင်း တိုက်ဓမ္မာရုံတွင်
ကျင်းပသည့် ကောလင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတက အားပေးစကား ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ်
နိုင်ငံတော် သမ္မတက ပြန်လည်ပြောကြားရာတွင် ပျက်စီးသွားသည့် လယ်များအတွက် မျိုးစေ့၊ ထွန်ယက်
စိုက်ပျိုးစရိတ်များ၊ ရေနစ်မြုပ်ခဲ့သည့် စာသင်ကျောင်း ၁၆ ကျောင်း အတွက်လိုအပ်သည့် ဖတ်စာအုပ်နှင့်
စာရေးကိရိယာများ၊ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ပေးမည့် အစီအမံများနှင့် အခြား လိုအပ်ချက်များကို
ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း။
ပျက်စီးဆုံးရှုံး မှုများကိုစနစ် တကျ မှန်မှန်ကန်ကန်ဖြစ်အောင်
စာရင်း ကောက်ယူသွားရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့၊
တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပ်မတော်တို့က ပေါင်းစပ် ညှိနှိုင်းပြီး အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်
ဒုတိယ၀န်ကြီးများက ဌာနအလိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊
ပြည်ထောင်စုဝန်ကြီးများ၊ ၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီးများနှင့် အလှူရှင်များ က ရေဘေးသင့်
ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတသည် တက်ရောက်လာကြသည့်
ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ၎င်းမှတစ်ဆင့် ကောလင်း မြို့နှင့် ၀န်းသိုမြို့များအတွင်း
ရေကြီးရေလျှံဖြစ်ပွားခဲ့မှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည်
မုံရွာမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်
ရောက်ရှိကြသည်။

No comments:
Post a Comment