နေပြည်တော် ဇူလိုင် ၂၁
ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်
ပုံမှန်အစည်းအဝေး၏ (၇၂) ရက်မြောက်နေ့ကို ဇူလိုင် ၁၆ ရက်က ကျင်းပခဲ့ရာ ဇမ္ဗူသီရိမဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် စာရင်းများနှင့် စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်း
ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် မွေးမြူရေး၊
ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ပေးသွင်းရန်
ကျန်ရှိသည့်ငွေမှာ ယခုအစီရင်ခံ တင်ပြ သည့် ကာလအထိ ကျပ်သန်းပေါင်း (၃၁၇၉၃) ဖြစ်၍
အများဆုံးပေးသွင်းရန် ကျန်ရှိသော ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
အဆိုပါ ကြွေးကျန် ငွေကျပ် (၃၁ ဒသမ ၇၉၃)
ဘီလီယံ ဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး
ဝန်ကြီးဌာနထံမှရရှိသည့် အချက် အလက်များအရ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး
ဝန်ကြီးဌာနရှိ မွေးမြူ ရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း၏
ကြွေးကျန်ငွေများသည် ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေး နှစ်တွင် ငါးစာတောင့်များကို လုပ်ငန်းရှင်များထံ
စာရင်းမှတ်စနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်း အပေါ် ၂၀၁၁-၂၀၁၂ ခု ဘဏ္ဍာရေးနှစ် ပထမ (၆)လပတ်စာရင်းများအား
ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးမှ စစ်ဆေးစဉ် ကြွေးကျန် ငွေကျပ် (၄၂ ဒသမ ၃၅၆) ဘီလီယံ
တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းကြွေးကျန်ငွေများအနက် ဌာနတွင်း အချင်းချင်း ရရန်/ပေးရန်
ကြွေးကျန် ငွေကျပ်(၁၀ ဒသမ ၇၁၆)ဘီလီယံကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စာရင်းရှင်းလင်း
ခဲ့ပြီးဖြစ်၍ ငွေကျပ် (၃၁ ဒသမ ၆၄) ဘီလီယံ ကြွေးကျန်ဖြစ်ပေါ်လျက်ရှိကြောင်း၊
၎င်းကြွေးကျန်ငွေများမှာ ဌာနမှ အလွှဲ သုံးစားပြုလုပ်ထားခြင်းမဟုတ်ဘဲ လုပ်ငန်းရှင်များမှ
ဌာနသို့ ပေးဆပ်ရန် ကျန်ရှိသော ကြွေးမြီများ ဖြစ်ကြောင်း၊ ယခုအစိုးရလက်ထက်တွင် ဖြစ်ပေါ်ခဲ့သော
ကြွေးကျန်များမဟုတ်ဘဲ တပ်မတော် အစိုးရလက်ထက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
ဝန်ကြီး ဦးမောင်မောင်သိမ်း တာဝန် ယူစဉ်ကာလကဖြစ်ကြောင်း သိရှိရသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး
ဝန်ကြီးဌာနအနေဖြင့် မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းသို့ အကြွေးပေးဆပ်ရန်
ပျက်ကွက်သည့် လုပ်ငန်းရှင် များအား တရားစွဲဆိုနိုင်ရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးထံမှ
ဥပဒေအကြံပြုချက် တောင်းခံပြီး ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်တွင် တရားမမှုဖြင့် တရားစွဲဆို
ဆောင်ရွက်ခဲ့ရာတွင် လုပ်ငန်းရှင် များက ကြွေးကျန်ငွေ၏ (၀ ဒသမ ၅) ရာခိုင်နှုန်းဖြစ်သော
ငွေကျပ် (၁၇၁ ဒသမ ၅၆၈)သန်းသာ ပေးဆပ်ခဲ့ကြသည်။
သို့ဖြစ်၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ပြည်သူ့ဘဏ္ဍာငွေ
ဆုံးရှုံးမှုမရှိစေရန်အတွက် ကြွေးကျန်လုပ်ငန်းရှင်များအား
ပြစ်မှုကြောင်းအရ တရားစွဲဆိုအရေးယူရန် ဆုံးဖြတ်ပြီး အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး
ဥပဒေပုဒ်မ(၃)ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်းကို ၎င်းအတွက် ပြစ်ဒဏ်များယှဉ်တွဲ၍ နေ့စဉ်
ထုတ် နိုင်ငံပိုင်သတင်းစာများတွင် (၇) ကြိမ် ကြော်ငြာထည့်သွင်းပြီး အကြောင်းကြားခဲ့သည်။
ထိုသို့ အပက(၃)ဖြင့် တရားစွဲဆိုခြင်းမပြုမီ
ကြွေးကျန်မှာ ငွေကျပ်(၃၂ ဒသမ ၅၈၄) ဘီလီယံဖြစ်သော်လည်း တရားစွဲဆိုပြီးနောက်ပိုင်းတွင်
ကြွေးကျန်လုပ်ငန်းရှင် (၁၀)ဦး၏ ကြွေးမြီ အပြေအကြေပေးဆပ်မှု အပါအဝင် ကြွေးကျန်လုပ်ငန်းရှင်များ၏
ကြွေးကျန်ပေးဆပ်မှုမှာ ယခင် (၀ ဒသမ ၅) ရာခိုင်နှုန်းသာရှိခဲ့ရာမှ (၉) ရာခိုင်နှုန်းကျော်အထိ
ရှိလာသဖြင့် ယခုအခါ ကြွေးကျန် ငွေကျပ် (၂၉ ဒသမ ၄၂၂)ဘီလီယံ ကျန်ရှိနေကြောင်း၊ ကြွေးမြီအပြေအကြေ
ပေးဆပ်သူ (၁၀)ဦး အနက် အမှု(၂)မှုမှာရုပ်သိမ်းခဲ့ပြီး ကျန်(၈)မှုမှာ ရုပ်သိမ်းရန်ဆောင်ရွက်ဆဲဖြစ်ကြောင်း၊
ကြွေးကျန် သူများနှင့်ပတ်သက်၍ တရားရုံးတင်ပြီး (၂)မှုနှင့် တရားရုံးတင်ရန် ဆောင်ရွက်ဆဲ
အမှု (၅၁)မှု ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပက(၃)ဖြင့် တရားစွဲဆိုထားသော လုပ်ငန်းရှင်များအနက် ကြွေးကျန်အများ ဆုံးဖြစ်သော
လုပ်ငန်းရှင် (၁၀)ဦးထံမှ ရရန်ငွေမှာ ငွေကျပ် (၂၅ ဒသမ ၅၉၂) ဘီလီယံကျော်ရှိ ကြောင်း၊
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများ
အလဟဿ ဆုံးရှုံးမှုမဖြစ်စေရန်အတွက် ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ တရားနည်းလမ်းကျစွာဖြင့်
ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားရုံးများ၏ ဆုံးဖြတ်ချက်အတိုင်း နိုင်ငံတော်ဘဏ္ဍာငွေများ
မဆုံးရှုံးစေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မွေးမြူရေး၊
ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနသို့ အကြွေးပေးဆပ်ရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များအား အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး
ဥပဒေပုဒ်မ(၃)ဖြင့် တရားစွဲဆိုဆောင်ရွက်လျက်ရှိရာတွင် လုပ်ငန်းရှင်များအနက် ကြွေးကျန်
အများဆုံးဖြစ်သော လုပ်ငန်းရှင် (၁၀)ဦး၏ အချက်အလက်များ
|
စဉ်
|
အမည်
|
အဘအမည်
|
မှတ်ပုံတင်အမှတ်
|
ကြွေးကျန်ငွေ
(ကျပ်သန်း)
|
|
၁။
|
ဦးမင်းသိမ်း (သုံးပွင့်ဆိုင်)
|
ဦးမောင်မောင်သိမ်း
|
၁၃/ကမန(နိုင်)၀၀၁၅၉၃
|
၆၇၅၅.၈၇၇
|
|
၂။
|
ဦးမင်းသိမ်း (သုံးပွင့်ဆိုင်)
|
ဦးမောင်မောင်သိမ်း
|
၁၃/ကမန(နိုင်)၀၀၁၅၉၃
|
၄၈၂၄.၆၉၅
|
|
၃။
|
ဦးသုတရွှေ၊ ဦးလှမြင့်အောင်
(ဖြိုးဧရာ ကုမ္ပဏီ)
|
ဦးရွှေဝိုင်း၊ ဦးအောင်ခင်၊ (ဦးမင်းသိမ်းမှ
ပေးဆပ်မည် ဟု ဝန်ခံကတိ ပြုထားပါ သည်။)
|
၁၃/မပတ(နိုင်)၀၀၃၂၆၄
|
၆၀၂၆.၆၇၇
|
|
၎။
|
ဦးဇော်ဇော်တိုး
|
ဦးလှတိုး
|
၁၄/ဒဒရ(နိုင်)၀၀၀၀၃၁
|
၂၀၅၇.၅၆၆
|
|
၅။
|
ဦးကြည်ဝင်း
|
ဦးပု
|
၁၂/တကန(နိုင်)၀၁၅၀၃၂
|
၁၄၆၉.၃၂၉
|
|
၆။
|
ဦးဟိန်းဇော်စစ်
|
|
၁၄/ဟသတ(နိုင်)၀၀၀၁၄၇
|
၁၄၁၀.၇၄၅
|
|
၇။
|
ဦးမျိုးအောင်
|
ဦးမောင်ဟန်
|
၁၂/တကန(နိုင်)၀၉၉၀၆၇
|
၁၂၇၉.၇၁၉
|
|
၈။
|
ဦးမိုး
|
ဦးဘမောင်
|
၅/စကန(နိုင်)၀၁၁၅၁၀
|
၇၇၆.၂၄၆
|
|
၉။
|
ဦးခင်စိုး
|
ဦးဝှီးယား
|
၁၂/လမတ(နိုင်)၀၃၀၈၈၀
|
၅၀၆.၅၆၁
|
|
၁၀။
|
ဦးမျိုးမင်းသိမ်း (မြတ်ပန်းခတ်)
|
ဦးဘွန်သိန်း
|
၁၂/မရက(နိုင်)၀၀၄၇၄၃
|
၄၈၄.၈၄၄
|
|
စုစုပေါင်း
|
၂၅၅၉၂.၂၅၉
|
|||
No comments:
Post a Comment