ရန်ကုန် ဇူလိုင် ၅
၂၀၁၄ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေ တစ်သက်သာစာပေဆု၊
ပခုက္ကူစာပေဆုနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် (၉) နာရီက
ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်း အတွင်း ရှိ စတူရီယို
(A)၌ ကျင်းပသည်။
အဆိုပါ ဆုချီးမြှင့်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီးဦးပိုက်ထွေးတက်ရောက်၍ အဖွင့် အမှာ စကားပြောကြားရာတွင် ပခုက္ကူဦးအုံးဖေစာပေဆုကို
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု ဟု အမည်ပြောင်းလဲပြီး ယနေ့တိုင်စာပေဆု များကိုဆက်လက်လက်ချီးမြှင့်နိုင်ခဲ့သည့်အတွက်
ဂုဏ်ယူ ၀မ်းမြောက် ပါကြောင်း၊ ဒီမိုကရေစီထူထောင်ရာတွင်ကျွမ်းကျင်သည့် လူသားအရင်းအမြစ်
လုံလောက်စွာ ရရှိရေးသည် နယ်ပယ်ရပ် အသီးသီးတိုင်းတွင်လိုအပ်ကြောင်း၊ ယခုကဲ့သို့ စာပေဆုများ
ချီးမြှင့် ပေးခြင်းသည် လူသား အရင်းအမြစ် ဖွံ့ဖြိုးစေရန်တစ်ထောင့်တစ်နေရာကနေ၍ အကူအညီပေးခြင်းပင်ဖြစ်ကြောင်း၊
မိမိတို့ တိုင်းပြည် တိုးတက်စေရန်အတွက် စာပေများကို အစဉ်မပြတ်ဖတ်ရှုလေ့လာနေရန်လိုအပ်ကြောင်း၊
ပြန်ကြားရေး ၀န်ကြီးဌာန အနေနဖြင့် စာပေဖွံ့ဖြိုးတိုးတက်ရန် အစွမ်းကုန်ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ပါကြောင်း၊
ဓါးသွားထက် ကလောင်သွားပိုမိုထက်ောကာင်း၊ စာပေပညာရှင်များအနေဖြင့် မိမိတို့၏ ကလောင်ကို
မှန်ကန်သည့် နေရာများ တွင်အသုံးပြုရန် လိုအပ်ပါကြောင်း၊ လူသေသော်လည်းနာမည်မသေပဲ လူသားများ
အကျိုးအတွက် မျိုးစေ့ချ ပေးနိုင်ခဲ့သည့် ပခုက္ကူဦးအုံးဖေနှင့်
တာဝန်ရှိသူများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိပါကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက်၂၀၁၄ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ
တစ်သက်တာ စာပေဆုရရှိသူများဖြစ်ကြသည့် ဦးကျော်ဝင်း (ညိုဝင်း) နှင့် ဒေါက်တာချစ်တို့အား
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ဆုများ ပေးအပ် ချီးမြှင့်သည်။
၂၀၁၄ ခုနှစ်အတွက် ကဗျာပေါင်းချုပ် ပထမဆုကို
မောင်ရိုးညှာ (ပင်လယ်ဘူး) ၊ ဒုတိယဆုကို ထွန်းထွန်း (သာယာဝတီ) တတိယဆုတို့ကို ကျော်စိုး(မြင်းမူ)
ကရရှိခဲ့ပြီး ယင်းဆုများကို ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး (ငြိမ်း) ဦးအောင်ကြည်က
ပေးအပ်ချီးမြှင့်သည်။
၂၀၁၄ ခုနှစ်အတွက် ၀တ္တုရှည် ဒုတိယဆုရရှိသူသိန်းဇော်
(ရွှေလီဦး) ၊ တတိယဆုရရှိသူ ကေတုလှနိုင်၊ ၂၀၁၄ ခုနှစ်အတွက် ၀တ္တုတိုပေါင်းချုပ် ပထမဆုကို
သန်းမြင့်သန်း (ကွမ်းခြံကုန်း)၊ ဒုတိယဆုကို ရဲမြတ်တင် ၊ တတိယဆုကို မကျေးဥတို့ကရရှိခဲ့ပြီး
အဆိုပါဆုများအား ဆရာလယ်တွင်းသား စောချစ် (ပခုက္ကူဦးအုံးဖေ စာပေဆု ရံပုံငွေ ကြီးကြပ်ရေးကော်မတီ
ဥက္ကဌ) က ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ကျမ်းစာစာပေဆုအတွက် ဒုတိယဆုရ
ကိုနေမျိုးသန့် ၊ တတိယဆုရ မောင်မောင်ချစ်ဦး (မုံရွာ) နှင့် သုတေသနစာပေဆု ဒုတိယဆု ရရှိသူ
ဦးထွန်းညို (ရန္တပို) တို့အား ပခုက္ကူဦးအုံးဖေ
စာပေဆု ရံပုံငွေ ကြီးကြပ်ရေးကော်မတီ နာယက တက္ကသိုလ်တင်ခက လည်းကောင်း၊ သုတေသနစာပေဆု တတိယဆုရရှိသူ
မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)၊ ပခုက္ကူဦးအုံးဖေစာကြည့်တိုက် စာအုပ်ဆုရရှိသူ ဆွေကြည်အေး၊
တက္ကသိုလ် မင်းသူတို့အား ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ကော်မတီဥက္ကဌ ဦးတင့်ဆွေက ဆုများပေးအပ်
ချီးမြှင့်သည်။
ထို့နောက် ၂၀၁၄ခုနှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ်ပညာသင်ဆု၊ မြန်မာစာ ထူးချွန်ဆု၊ ပခုက္ကူဦးအုံးဖေပညာရည်ချွန်ဆုရရှိသူ
ကျောင်းသူ၊ ကျောင်းသားများအား ဆုချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ကွယ်လွန်သူ စာပေဆု အလှူရှင်ပခုက္ကူဦးအုံးဖေ
ကိုယ်စား ပခုက္ကူဦးအုံးဖေ စာကြည့် တိုက် ကော်မတီဥက္ကဌ ဦးတင့်ဆွေက ရှင်းလင်းပြောကြားသည်။
ယင်းနောက် ၂၀၁၄ ခုနှစ်အတွက် ပခုက္ကူစာပေဆုနှင့်
တစ်သက်တာ စာပေဆုများရရှိသူ ဆရာကြီး ဒေါက်တာချစ်က ဆုရရှိကြသူများကိုယ်စား ကျေးဇူးတင်စကား
ပြန်လည်ပြောကြားခဲ့သည်။
ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုအတွက်
ဆုရွေးချယ်ရာတွင် ဘာသာရပ် ငါးမျိုးအတွက် ဆုပေါင်း ၁၅ ဆု ချီးမြှင့်ခြင်းဖြစ်သော်လည်း
၂၀၁၄ ခုနှစ်အတွက်မူ စာပေဆု ၁၂ ဆုကိုသာ ရွေးချယ်ပေးနိုင်ခဲ့ပြီး ၀တ္တုရှည်(ပထမ)ဆု၊ ကျမ်းစာစာပေ
(ပထမ)ဆုနှင့်သုတေသနစာပေ(ပထမ)ဆုတို့ကို မူပေး
အပ်ချီးမြှင့် နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ပခုက္ကူ ဦးအုံးဖေ စာပေဆုကို ၁၉၉၄
ခုနှစ်တွင် စာတင် ချီးမြှင့်ခဲ့ပြီး စာပေဆု တည်ထောင် သူ ဦးအုံးဖေ ကွယ်လွန်ပြီးနောက်
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်တွင် ပခုက္ကူ ဦးအုံးဖေ တည်ထောင် သော ပခုက္ကူ စာပေဆု ဟုပြောင်းလဲ
ခေါ်တွင် ခဲ့သည်။

No comments:
Post a Comment