နေပြည်တော် ဇူလိုင် ၂၂
မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့်
ရောက်ရှိနေသော လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ်နှင့်ဇနီး
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့ ဥဒယရံသီကုန်းပေါ်၌
တည်ထား သော မဟာဗောဓိစေတီတော်ကြီးနှင့် သံဝေဇနိယ လေးဌာနသို့ သွားရောက်ဖူးမြော်ကြည်ညို၍
အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဧည့်သည်တော် ဒုတိယသမ္မတနှင့်အဖွဲ့သည်
အမျိုးသားပြတိုက် (နေပြည်တော်) သို့ရောက်ရှိကြပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့်
ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်း မတင်မီခေတ်ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊
မြန်မာ့အနုသုခု မပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သမိုင်း တင်ခေတ် (အေဒီ ၁၁ မှ ၁၄ ရာစု)
ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ ပြည်ထောင် စု ၀န်ကြီး ဦးအေးမြင့်ကြူ၊ ဒုတိယ၀န်ကြီးနှင့်
ပြတိုက်တာဝန်ခံများက လိုက်လံ ရှင်းလင်းပြသကြသည်။
ယင်းနောက် ဧည့်သည်တော် ဒုတိယသမ္မတနှင့်အဖွဲ့သည်
ဥပ္ပါတသန္တိစေတီတော်သို့ ရောက်ရှိကြပြီး စေတီတော်နှင့် လိုဏ်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား
လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြကာ အလှူငွေများ
ပေးအပ် လှူဒါန်းကြသည်။
ထို့နောက် ဧည့်သည်တော် ဒုတိယသမ္မတနှင့်အဖွဲ့သည်
ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်မုခ် ရတနာ ဆင်ဖြူတော်ဆောင်ရှိ ရတနာဆင်ဖြူတော်များအား သွားရောက်ကြည့်ရှု
လေ့လာကြပြီး အစာ အာဟာရ ဖြစ်ဖွယ်များကို အာဟာရဒါနပြုကျွေးမွေးခဲ့ကြသည်။
No comments:
Post a Comment