နေပြည်တော် ဇူလိုင်
၂၂
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်
လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ် ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ
ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ
ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဆွေနှင့်
ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်
အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ
သူများ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ
ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးလည်း တက်ရောက် သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။

No comments:
Post a Comment