Wednesday, July 22, 2015

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာဘွန်ညံ ဗိုရာချစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၉) နာရီ(၄၅)မိနစ်တွင် နေပြည်တော်ရှိ  Lake Garden Hotel  ဟံသာဝတီဆောင်  မေခ အစည်း အဝေး ခန်းမ၌ တွေ့ဆုံကာ နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်အတူ ဒုတိယ၀န်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဧည့်သည်တော် ဒုတိယသမ္မတနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နှစ်(၆၀) ပြည့်မြောက်ခဲ့ပြီဖြစ်သည့် သံတမန် ဆက်သွယ်မှု အစဉ်အလာကောင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် ဆောင်ကြဉ်းရေး၊ အာဆီယံ၊အက်မက်စ်နှင့် ဂျီအမ်အက်စ်ကဲ့သို့သောေးသတွင်းအစီအစဉ်များတွင် နှစ်နိုင်ငံ နားလည်မှုရှိစွာဖြင့် တက်ကြွစွာပါဝင်ရေး၊ နှစ်နိုင်ငံအတွက် အလားအလာရှိသော နယ်ပယ် များဖြစ်သည့် စိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ ပညာရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ အားကစား၊ ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံအတွင်းရှိ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အထင်ကရဒေသများသို့ ပူးတွဲခရီးသွားလာရေးအစီအစဉ်များ ရေးဆွဲအကောင် အထည်ဖော်ရေး၊ ရန်ကုန်-ဗီယင်ကျန်း(သို့မဟုတ်)ပုဂံ-လွမ်ပရာဘန် တိုက်ရိုက် လေယာဉ် ခရီးစဉ်ပြေးဆွဲနိုင်ရေးနှင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများတားဆီးနှိမ်နင်းရေး စသည့် ကိစ္စရပ်များ အပေါ် ရင်းနှီးစွာ ဆွေးနွေး ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ညပိုင်းတွင် ဧည့်သည်တော် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယသမ္မတနှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Lake Garden ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

No comments:

Post a Comment