Thursday, July 23, 2015

မူလပြဌာန်းချက်များအတိုင်း ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းစကားရပ်အတိုင်းထားရှိသင့်ကြောင့် ဆုံးဖြတ်


နေပြည်တော် ဇူလိုင်  ၂၃
ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၅ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲပိုင်းတွင် အစီအစဉ် ၁၄ ခုဖြင့် ကျင်းပသည်။



နေပြည်တော် ဇူလိုင် ၂၃
ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၅ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲပိုင်းတွင် အစီအစဉ် ၁၄ ခုဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် တောင်သာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ကွယ်လွန်ခြင်း အတွက် အထူး ဝမ်းနည်းကြောင်း အဆိုကို လွှတ်တော်က မှတ်တမ်း တင်ပြီး ဝမ်းနည်းခြင်းအဖြစ် နှစ်မိနစ် ခန့် ငြိမ်သက်၍မတ်တတ်ရပ်ကြသည်။
ယင်းနောက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ထံမှ သဘောထားမှတ်ချက်များဖြင့် ပြန်လည်ပေးပို့လာသော ရုပ်မြင် သံကြားနှင့် အသံ ထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓ ဘာသာဝင် မိန်းမများ အထူးထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်း တို့အား လွှတ်တော်မှ လက်ခံရရှိ ကြောင်း တင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ထံမှပေးပို့သော ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ခွဲဝေသုံးစွဲခဲ့သည့် လုပ်ငန်း ၁ဝ ခုကို မှတ်တမ်းတင်ဆောင်ရွက်သည်။
ထို့နောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် နေပြည်တော်ကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
ယင်းဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်သုံးဦးတို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွင် ပြည်ထောင်စု ရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုတိယ စာရင်းစစ် ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ သည် ပါတီတစ်ခုခု၏ ပါတီဝင်ဖြစ် နေပါက ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခြင်းမပြုရဟုသာ ပြဋ္ဌာန်းထား ပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်အရ ¤င်းတို့သည် တာဝန်ထမ်းဆောင်ချိန် ကာလအတွင်း ပါတီလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပြီး ပါတီဝင်အဖြစ် က နုတ်ထွက်ရ မည်ဟု ပြဋ္ဌာန်းထားခြင်းမရှိသည့် အတွက် ပါတီဝင်အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါကြောင်း၊ ပါတီဝင် အဖြစ် ဆက်လက်တည်ရှိနေ မည့် ၎င်းတို့အနေဖြင့် ရွေးကောက် ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်း များကို ဆောင်ရွက် ခွင့်ရှိပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံး ရေးလုပ်ငန်း စကားရပ် အစား ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေး လုပ်ငန်း ဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်မည်ဆိုပါက ¤င်းတို့၏ ပါတီစည်းရုံးရေး လုပ်ငန်းများကို ကန့်သတ်ရာရောက်မည် ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ မူလပြဋ္ဌာန်းချက် များအတိုင်းဖြစ်သည့် ရွေးကောက်ပွဲ ဆိုင်ရာ ပါတီစည်းရုံး ရေးလုပ်ငန်း ဆိုသည့် စကားရပ်အတိုင်း ထားရှိ သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ယင်းဥပဒေ ကြမ်းများနှင့်စပ် လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ ကန့်ကွက်ဆန္ဒမဲများသည့် အတွက် ယင်းပြင်ဆင်သည့်ဥပဒေ ကြမ်းများအား ပယ်ဖျက်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယကက လွှတ်တော် နှစ်ရပ်သဘောကွဲလွဲသော လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များကို လွှတ် တော်သို့ ရှင်းလင်းပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးခဲ့ကြပါကြောင်း။
ဥပဒေကြမ်း ပူးပေါင်းကော်မတီ ၏ အစီရင်ခံစာပါ အကြောင်းအရာ များနှင့် လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေး ချက်များအပေါ် ဆက်စပ်သုံးသပ်ကြည့်မည်ဆိုပါက ယခု ဥပဒေပြဋ္ဌာန်းချက်၏ အကျိုး ဆက်အဖြစ် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်သူများလိုလား တောင့်တနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထိခိုက်နိုင်ပါကြောင်း၊ ထို့ပြင် နိုင်ငံရေး ပါတီ တစ်ပါတီနှင့်တစ်ပါတီအကြား၊ လူမျိုးစု တစ်စုနှင့် တစ်စု အကြား အချင်းချင်း အားပြိုင်ခြင်းနှင့် ရန်ပြုမှု၊ ထိပ်တိုက်ရင်ဆိုင် မှုများ ဖြစ်ပေါ် လာ နိုင်ပါကြောင်း၊ ပြည်သူများအကြား မလိုအပ်သည့် အထင် အမြင်လွဲမှား မှုနှင့် သံသယစိတ်များ ဖြစ်ပေါ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် လွှတ်တော်များအတွက် အလုပ် ပိုပြီး အဓိကဆောင်ရွက်ရမည့် လုပ်ငန်းများကို ထိခိုက်စေကာ ပြည်သူ့ဘဏ္ဍာကို ပိုမိုသုံးစွဲလာရမည် ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အရည်အချင်းပျက်ယွင်း၍ ကိုယ်စား လှယ်တာဝန်က ပြန်လည်ရုပ်သိမ်း သင့်သည်ဆိုပါက ဖြစ်စဉ်အပေါ် အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် တည်ဆဲဥပဒေများက အရေးယူ ဆောင်ရွက်နိုင်သည့် အခြေအနေ ရှိပါကြောင်း၊ ၂ဝ၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေးအတွက် အဓိကထား ဦးတည်ဆောင်ရွက်ကြရမည့် အချိန် ကာလတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ် အား အဟန့်အတားဖြစ်စေမည့် ကိစ္စရပ်များကို တတ်နိုင်သမျှ ရှောင်ကြဉ်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း။
ထို့ကြောင့် ဆောင်ရွက်ဆဲဖြစ် သည့် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများပြုလုပ် ပြီး ထွက်ပေါ်လာသည့် အစီရင်ခံစာ ကို လွှတ်တော်သို့ ထပ်မံတင်ပြသွား ရန်နှင့် ယင်းအစီရင်ခံစာအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြား သည်။

No comments:

Post a Comment