မြင်းမူ၊
ဇူလိုင် ၂၃
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မူးမြစ်ရေဝင်ရောက်ခဲ့သည့်
မြင်းမူမြို့နယ်မှ ကျေးရွာ အချို့အား ကယ် ဆယ် ရေးနှင့် ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်
ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မူးမြစ်ရေ ဝင်ရောက်ခဲ့သည့် မြင်းမူမြို့နယ်
သပြေသာကျေးရွာကို မြင်းမူမြို့နယ်မှ ပျော့ကျေးရွာနှင့် စစ်ကိုင်း မြို့နယ် မှ ပေါက်ကားကျေးရွာ၊
ညောင်ပင်ဝန်းကျေးရွာ များသို့ လည်းကောင်း၊ မေဂျာကျေးရွာမှ ပြည်သူများအား ညောင်မြစ်ကျေးရွာ ၏
တောင်ဘက်ရှိ ကုန်းမြင့်သို့ လည်းကောင်း၊ ပုံညာကျေးရွာမှ ပြည်သူများအား မကျီးကန် ကျေးရွာ
ဘုန်တော်ကြီးကျောင်းသို့ လည်းကောင်း ပြောင်းရွှေ့ပေး ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါမူးမြစ်ရေ ဝင်ရောက်သည့် ကျေးရွာများမှ
ကျွဲ၊ နွား တိရစ္ဆာန်များကို မြို့နယ်ေ မွးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဝန်ထမ်းများက
ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိပါသည်။
ရေဝင်ရောက်ခဲ့သော ကျေးရွာများမှ ဒေသခံများအား
မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ်(၇၂) သံချပ်ကာစစ်ဆင်ရေး
ကွပ်ကဲမှု ဌာနချုပ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံမီးသတ်
တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင် များနှင့် မြတ်သုခ လူမှု ကူညီရေး အသင်းဝင် များက
စက်လှေများဖြင့် ပြောင်းရွှေ့ပေး ခဲ့ပါကြောင်း သတင်းရရှိသည်။



No comments:
Post a Comment