နေပြည်တော် ဇူလိုင် ၂၃
အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၂ ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင်
ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစတီဗင်သာဘိတ်၏ ၂၀၁၄ ခုနှစ်
သန်းခေါင် စာရင်း ကောက်ယူရာတွင် ယခင်မြန်မာနိုင်ငံတွင်ရှိသော လူမျိုးများဟု သတ်မှတ်ထားသော
လူမျိုး၊ လူမျိုးစု အမည်များတွင်
ပါဝင်ခြင်းမရှိသော လူမျိုးစုကိစ္စကို နိုင်ငံတော်မှ
မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေး
နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က တိုင်းရင်းသား လူမျိုးကြီး
(၈)မျိုးနှင့် မျိုးနွယ်စု (၁၃၅)မျိုး ကွဲလွဲမှုများရှိနိုင်၍ လူမျိုးအမှန်ကို ပြင်ဆင်နိုင်ရန်အတွက်
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် လူမျိုးစာရင်းကို ကောက်ယူခဲ့ခြင်းဖြစ်ပါကြောင်း၊
လူမျိုးအမည်ရွေးချယ် ခြင်းသည် တိုင်းရင်းသားတို့၏ ရပိုင် ခွင့်နှင့် ကိုယ်ပိုင်အခွင့်အရေးဖြစ်သဖြင့်
လူမျိုးနှင့်ပတ်သက်သောမေးခွန်းအား ဖြေဆိုသူ၏ စိတ်ဆန္ဒအရ ပြော ဆို ခွင့်ရှိခြင်းကြောင့်
ဖြေဆိုသူမှ ပြောကြားသည့်အတိုင်း ရေးသွင်းခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ လူမျိုးအမည်အသစ်ကို
ဖြေဆိုပါက အလိုလိုစာရင်းဝင်သွားမည်ဖြစ်ပြီး မဖြေပါက အလိုလို ပယ်ဖျက် သွားမည်ဖြစ်ပါကြောင်း။
သန်းခေါင်စာရင်း ကောက်ယူရရှိမှုအပေါ်မူတည်၍ လူမျိုးစာရင်းများအား အသေး စိတ်ပြုစုပြီးပါက
လူမျိုး(၁၃၅)မျိုးမှ ဆက်လက်ပါရှိလာမည့် လူမျိုး၊ လူမျိုးစုများ၊ တိုးပွား လာသည့် လူမျိုး၊
လူမျိုးစုများ၊ ပျောက်ကွယ်သွားသည့် လူမျိုး၊ လူမျိုးစုများ၏ စာရင်းကြမ်း ရရှိလာမည်ဖြစ်ပါကြောင်း၊
ယင်းစာရင်းကြမ်းအား သက်ဆိုင်ရာ လူမျိုးစု ကိုယ်စား လှယ်များ အပါအ၀င် လိုအပ်သည့် ဆက်စပ်သောအဖွဲ့အစည်းများနှင့်
အကျေအလည် ထပ်မံညှိနှိုင်း ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ ယင်းနောက် ရရှိလာသော အဖြေများပေါ်မူတည်၍
အထက်အဆင့်ဆင့်သို့တင်ပြ၍ ထုတ်ပြန်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးမင်းဦး၏ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး
ဖောက်လုပ်ရာတွင် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မှ လမ်းမြေအဖြစ် အသုံးပြုခဲ့သော
ဥယျာဉ်ခြံမြေများနှင့် လယ်ယာ မြေများအတွက် နစ်နာကြေးပေးလျော်ရန် မည်သို့သောအကြောင်းကြောင့်
ကြန့်ကြာနေသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးစိုးတင့်က အုတ်တွင်းမြို့နယ်ရှိ လမ်းနယ် ပေ(၄၀၀)အတွင်း ပါဝင်သွားသည့်
လယ်မြေ၊ ယာမြေ၊ ဥယျာဉ်မြေနှင့် မြေလွတ်မြေရိုင်း စုစုပေါင်းဧရိယာမှာ (၁၀၃၉ ဒသမ ၂၈)ဧကဖြစ်ပါကြောင်း၊
မြေအမျိုး အစားအလိုက် အုတ်တွင်းမြို့နယ်အတွင်းရှိ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်မြေနှင့် မြေလွတ်
မြေရိုင်းများအား တစ်ဧကလျှင် ကျပ်(၁၅)သိန်းနှုန်းဖြင့် သတ်မှတ်ပေးထားပြီးဖြစ်ပါ ကြောင်း၊
ထို့ကြောင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေဖြင့် အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ
ဆုံးရှုံးသွား ခဲ့သော တောင်သူများ၏ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်မြေနှင့် မြေလွတ်မြေရိုင်း
စုစုပေါင်း (၁၀၃၉ ဒသမ ၂၈)ဧကအတွက် လျော်ကြေးငွေကျပ်
(၁၅၅၈ ဒသမ ၉၂)သန်းအား ယခု ဇူလိုင်လ (၂၉)ရက်နှင့် (၃၀)ရက်များတွင် မြို့နယ်မြေအသုံးချမှု
စီမံခန့်ခွဲရေးကော်မတီများနှင့်အတူ လျော်ကြေးငွေများကို ခွဲဝေပေးအပ်သွားမည်ဖြစ်ပါ ကြောင်းဖြင့်
ဖြေကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်က အတည်ပြုပြီးပေးပို့လာသော နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ
ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ်
ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကြမ်း တို့နှင့်စပ်လျဉ်း၍ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက
ကော်မတီ၏ လေ့လာ တွေ့ရှိ ချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က အခြေခံပညာရေးဥပဒေကြမ်းနှင့်
နည်း ပညာနှင့် သက်မွေးပညာရေးဥပဒေကြမ်းတို့ကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးစဉ်းစားရန်
အဆို တင်သွင်းရာ လွှတ်တော် လက်ခံ ဆွေးနွေးရန် သဘောတူကြောင်းဆုံးဖြတ်ပြီး အဆိုပါ ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍
အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက ကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်
အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းသည်။
ယနေ့အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ပြည်သူ့ အင်အားကဏ္ဍဆိုင်ရာမေးခွန်းများ
မေးမြန်းဖြေကြားကြပြီး ဥပဒေကြမ်းနှစ်ခုတင်သွင်းခြင်း ဥပဒေကြမ်းနှစ်ခုအား လွှတ်တော်တွင်ဆွေးနွေးစဉ်းစားရန်
အဆိုတင်သွင်းခြင်းနှင့် အစီရင် ခံစာများ ဖတ်ကြားတင်သွင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
No comments:
Post a Comment