နေပြည်တော် ဇူလိုင် ၁၅
ဟိုတယ်နှင့်
ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် တတိယအကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊
မြန်မာ၊ ဗီယက်နမ် (CLMV) နှင့် ဒုတိယအကြိမ်မြောက် အက်မက်(စ်) (ACMECS) ခရီးသွားလုပ်ငန်း
ဝန်ကြီးများ
အစည်းအဝေးနှင့် ခရီးသွားလုပ်ငန်း အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများကို
ဇူလိုင် (၂၈ နှင့် ၂၉) ရက်များတွင် နေပြည်တော်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။
အစည်းအဝေးများကို
CLMV နှင့် ACMECS အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ CLMV နှင့် ACMECS ခရီးစဉ်ဒေသအား စိတ်ဝင်စားဖွယ်ကောင်းသော
ခရီးစဉ်တစ်ခု အဖြစ်မြှင့်တင်ရန်၊ ဒေသတွင်းခရီးသွား လုပ်ငန်း မြှင့်တင်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ
အကြားခရီးသွား လုပ်ငန်း ဆိုင်ရာ အခက်အခဲများ ပူးပေါင်း ဖြေရှင်းသွားရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
တတိယ
အကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (3rd CLMV) နှင့် ဒုတိယအကြိမ်မြောက်
အက်မက်(စ်) (2nd ACMECS) ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ခရီးသွားလုပ်ငန်း
အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ်
လက်ခံကျင်းပခြင်း ဖြစ်သည်။
No comments:
Post a Comment