နေပြည်တော် ဇူလိုင် ၃
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က
ကြီးမှူးကျင်းပသည့် မြန်မာ အမျိုးသမီးများ နေ့အခမ်း အနားကို နေပြည်တော် ရှိ မြန်မာနိုင်ငံ
အမျိုးသမီးရေးရာ အဖွဲ့ချုပ် သီရိရတနာ ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုး သမီးရေးရာ
အဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဇနီး ဒေါ်ခင်ခင်ဝင်း တက်ရောက်
ချီးမြှင့်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ လူမှု ၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က အမျိုသမီးများဖွံ့ဖြိုး တိုးတက်ရေး
လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်
ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်မာထွန်းက “မြန်မာအမျိုးသမီးများနေ့”
အထိမ်းအမှတ် ဂုဏ်ပြု စကားပြောကြား သည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်
ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်ခင်ဝင်းက ၂၀၁၅ ခုနှစ် အာဆီယံအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်ထူးချွန်ဆုရရှိကြသည့်
ဒေါ်ခိုင်ဇော်၊ ဒေါက်တာ ဒေါ်သက်သက်ခိုင်နှင့် အရှေ့ တောင်အာ ရှစာပေဆုရ စာရေးဆရာမ ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)တို့အား
ဆုများ ပေးအပ်ချီးမြှင့်ပြီး ဒုတိယသမ္မ တ ဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး မြန်မာနိုင်ငံအမျိုးသမီး
ရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်နန်းရွှေမှုန်က ၂၀၁၄ ခုနှစ် ထူးချွန် အမျိုးသမီး
ရဲတပ်ဖွဲ့ဝင် ရဲမှူးခင်လေးမြင့်၊ ထူးချွန် အမျိုးသမီးအားက စားမယ် မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့်
၂၀၁၃ ခုနှစ် အမျိုးသားစာပေ( ၀တ္တုတိုပေါင်းချုပ်) ဆုရ ရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်
က ၂၀၁၄ ခုနှစ် ထူးချွန်အမျိုး သမီးကြက်ခြေနီ တပ်ဖွဲ့ဝင် ဒေါ်နန်းမာန့်ခလိမ်း၊ ၂၀၁၄ ခုနှစ်
တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ သိပ္ပံသာသာတွဲ အမှတ်အများဆုံးဆုရရှိ သူများအား
ဆုများပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံအမျိုး သမီး ရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း
က ၂၀၁၄ ခုနှစ် ထူးချွန်အမျိုးသမီး မသန်စွမ်း အားကစားမယ် ဒေါ်မကြီး၊ အကြိမ် (၆၀) နှင့်အထက်
အများဆုံးသွေးလှူဒါန်းသူ အမျိုးသမီး သွေးလှူဒါန်းရှင် ဒေါ်ဝင်းသန်း တို့အားဆုများ ပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက
ဒေါ်ကျင်ခိုင် က မြန်မာ အမျိုးသမီးများနေ့ အထိမ်းအ မှတ်ရောင်စုံဓါတ်ပုံပြိုင်ပွဲ ပထမဆု လှိုင်သန်းတင့် (ရွှေပန်းချီ- ရမည်းသင်း)၊ ဒုတိယဆု ဇော်ဇော်ဝေ (ဆင်ဖြူကျွန်း)နှင့်
တတိယဆု ဌေးလွင် (အမရပူရ) တို့အားဆုများပေးအပ်ချီးမြှင့်ပြီး အဖွဲ့ချုပ်နာယက ဒေါ်မြသိင်္ဂီ
က ရောင်စုံဓါတ်ပုံပြိုင်ပွဲ အထူးဆုများရရှိကြသည့် ဦးကျော်မျိုးသီဟ၊ မင်းမင်းထွန်း၊
ဦးစိုးမင်း( စိုးမင်း- အောင်သီဟ) ၊ ဇော်ဇော်ဝေ (ဆင်ဖြူကျွန်း) တို့အား ဆုများပေးအပ်သည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်
နာယက ဒေါ်ခင်မိမိ က မြန်မာ အမျိုးသမီးများနေ့အထိမ်းအမှတ် ၀တ္တုတိုပြိုင်ပွဲ ပထမဆုရ မမေစိမ်းဝင်း(
ကောင်းကင်မေ- စီးပွားရေးတက္ကသိုလ်)၊ ဒုတိယဆုရ ဦးစိန်ဝင်း (ပန်းမြိုင်လယ်)၊ တတိယဆုရ
(သိမ့် စီးပွားရေးတက္ကသိုလ်)တို့အားဆုများပေးအပ်ပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ
အဖွဲ့ ချုပ်ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်ခင်မာထွန်းက ၀တ္တုတိုပြိုင်ပွဲ အထူးဆုများရရှိကြသည့်
ဦးသက်နိုင် (သက်နိုင်-ပြင်ဦးလွင်)၊ ဒေါ်တင် ဥမ္မာအောင် ( မြနှင်းဝေအောင်)၊ မင်းစိုးသူရ
(မင်းသွေးငယ်-ရာမညမြေ)၊ ဦးမျိုးလွင်(ခ)စိုင်းလုံ(နန်းညိုမာလွင်-ကလော)နှင့် ဒေါ်နန်းစောညွန့်
(စောငယ် ငယ် - မိုးညှင်း) တို့အား ဆုများ ပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်လှုပ်ရှားမှု
VIDEO မှတ်တမ်းပြသပြီး မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယကများနှင့်
တာဝန်ရှိသူများက အမျိုးသမီးရေးရာလုပ်ငန်းဆိုင်ရာစာအုပ်များ၊ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ အား
လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊
ဒုတိယ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊
မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(ဗဟို)နှင့် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်
ကလေးသူငယ် ဘ၀မြှင့်တင်ရေးအသင်းတို့မှ နယကများနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ၀န်ကြီးများ၏
ဇနီးများ၊ တပ်မတော်အ ရာရှိကြီးများ၏ဇနီးများ၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့
အစည်းများနှင့် ပြည်တွင်းပြည်ပအစိုးရ မဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊
ထူးချွန်ဆုရရှိကြသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကို
၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ဖွဲ့စည်း ခဲ့ပြီး မြန်မာနိုင်ငံအမျိုး သမီးရေးရာကော်မတီကို
၁၉၉၆ ခုနှစ် ဇူလိုင် ၃ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီစတင်ဖွဲ့စည်းခဲ့သည့်
ဇူလိုင် (၃)ရက်သည် မြန်မာနိုင်ငံရှိ အမျိုးသမီးထုတစ်ရပ်လုံးကို အမျိုးသားရေးစိတ် ဓာတ်နိုးကြားစေရန်
တပ်လှန့်နှိုးဆော် လိုက်သည့် ထူးခြားသည့်နေ့ဖြစ်ရာ ထိုနေ့ကိုပင် မြန်မာအမျိုးသမီးများဆိုင်ရာလုပ်ငန်းများ
သီးခြား ထူးခြားစွာဆောင်ရွက်နိုင်ရန် "မြန်မာအမျိုးသမီးများနေ့" အဖြစ်သတ်မှတ်ခဲ့ပြီး
နိုင်ငံ တစ်ဝန်းလုံးတွင် မြန်မာအမျိုး သမီးများနေ့ အခမ်းအနားများကို ကျင်းပခဲ့ကြသည်။
No comments:
Post a Comment