ပဲခူး ဇူလိုင် ၁၈
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး
ဖြူးမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စည်ပင်သာယာခန်းမ၌ ဒေသခံပြည်သူများအား တွေ့ဆုံ၍
ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပဲခူး တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းမြင့်စိုး၊
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊
လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ပြင်ပ ပြည်သူ နှင့်တွေ့ဆုံသည့်
လုပ်ငန်းများသည် များစွာ ထိရောက်မှုရှိပါကြောင်း၊ လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ
မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံအတွက် အလွန် အရေးကြီးပါကြောင်း၊
လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်အောင် နိုင်ငံရေး ပါတီများ၊ ကိုယ်စားလှယ်လောင်းများ၊
လူမှုရေးအဖွဲ့အစည်းများ၊ အုပ်ချုပ် ရေးဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်သူများက ပူးပေါင်းပါဝင်
ဆောင်ရွက်ရန်လိုကြောင်း။
ရွေးကောက်ပွဲအောင်မြင်ရေး အတွက် ရွေးကောက်ပွဲကော်မရှင်၌ အဓိက တာဝန်ရှိသော်လည်း
ကော်မရှင်၏တာဝန်ဟုသာ သဘော မထားဘဲ လူမှုရေးအဖွဲ့အစည်းများ ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြု ကော်မတီ၊ စည်ပင်သာယာရေး ကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီများနှင့် ပြည်သူ
များကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာ၌
အဓိကကျသည့် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ကော်မရှင် နှင့်အတူ လုံခြုံရေးတာဝန်ယူထား
သူများကလည်း ဝိုင်းဝန်းကူညီကြရန် လိုကြောင်း။
မြို့နယ်အတွင်း ပညာရည်အဆင့် မြင့်မားရေး၊ လျှပ်စစ်မီးလင်းရေး၊ စိုက်ပျိုးရေရရှိရေး၊
သောက်သုံးရေ ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပါအဝင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို
တာဝန် ရှိသူများနှင့်အတူ ပြည်သူများက လက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊
ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော်တို့၏
သိရှိ နားလည်မှု သည်လည်း အရေးကြီးပါ ကြောင်း၊ ဖြူးမြို့နယ်ကို စံပြမြို့နယ် တစ်ခုဖြစ်အောင်
ကြိုးပမ်းဆောင်ရွက် ကြသူများကို ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန်
တိုက်တွန်းလိုပါ ကြောင်းဖြင့် ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇူလိုင် ၁၈ ရက် နံနက် ၁ဝ နာရီတွင် ပဲခူးတိုင်းဒေသ
ကြီး ညောင်လေးပင်မြို့နယ် ပိန်း ဇလုပ်မြို့ သုဓမ္မရာမပရိယတ္တိ စာသင်တိုက် သာသနာ့ဗိမာန်တော်၌
ဒေသခံပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးမှာကြားသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အစိုးရသစ်လက် ထက်၌ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ခရီးရောက်ပြီး တည်ငြိမ်အေးချမ်းမှုရှိ လာခဲ့ကြောင်း၊ ပညာရေး၊ ကျန်းမာ ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး ကဏ္ဍပေါင်းစုံ၌ တိုးတက်မှုရှိလာပြီဟု ပြောနိုင်သော် လည်း စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုကဏ္ဍတို့တွင် ပိုမို တိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း။
ပြည်သူ့အသံ-လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူ တို့ မျှော်လင့်ချက်-လွှတ်တော်က
ဖော်ဆောင်ရွက် ဟူသော ဆောင်ပုဒ် ကို ဖော်ဆောင်နိုင်ရန် လွှတ်တော် နားရက်များတွင် ဒေသခံပြည်သူ
များနှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ထဲတွင် မကြားသိနိုင်သည့် အသံများကို
ကိုယ်တိုင်ကြားသိရသဖြင့် အကျိုးများစွာ ဖြစ်ထွန်းပါကြောင်း၊ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့်
ဥပဒေများသည် အုပ်စုတစ်စု၊ အဖွဲ့ တစ်ဖွဲ့အတွက်မဟုတ်ဘဲ ပြည်သူ များ၏ အကျိုးစီးပွားကို
ကာကွယ်ရန် ဖြစ်ပါကြောင်း ပြောကြားပြီး တက် ရောက်လာကြသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ ဒိုက်ဦးမြို့နယ် ဖောင်တော်သီကျေးရွာ
အုပ်စုသို့ရောက်ရှိပြီး အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ဒေသခံပြည်သူများအား တွေ့ဆုံ၍
ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကဖောင်တော်သီသည် ကျေးရွာ အုပ်စုဆိုသော်လည်း
မြို့အင်္ဂါရပ် အတော်အတန် ပြည့်စုံမှုရှိသည်ဟု သိရှိရ၍ဝမ်းမြောက်ပါကြောင်း၊ ရောက် ရှိရန်ခက်ခဲသည့်ဖော်တော်သီဒေသ
သို့ မိမိတို့ရောက်ရှိခိုက်တင်ပြလိုသည် များကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့်
ပြောကြား သည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ၊ မြို့မိမြို့ဖများနှင့်
ဒေသခံ ပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြ သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လာမည့်ရွေးကောက်ပွဲသည် မိမိတို့နိုင်ငံအတွက်သာမက
မိမိတို့ ဒေသကံကြမ္မာ၊ မိမိတို့ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အရေးကြီး သော လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊
ရွေးကောက်ပွဲကော်မရှင်က ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များထုတ်ပြန်ထားပြီးဖြစ်၍
အဆိုပါ ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်မှ သာလျှင် အောင်မြင်မည်ဖြစ်ကြောင်း၊ ဖောင်တော်သီဒေသ
ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်အပိုင်းက သာမက ကော်မတီများ၊ မြို့မိမြို့ဖ များနှင့်
ဒေသခံပြည်သူများက ဝိုင်း ဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မိမိတို့မျှော်မှန်းသကဲ့သို့
အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြား ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ယနေ့နံနက်ပိုင်းတွင် ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ ငါးထပ်ကြီးဘုရား
ဓမ္မာရုံ၌ ကညွတ်ကွင်းမြို့ ရွာလည် ကျောင်းတိုက် ပဓာန နာယက ဆရာတော် အမှူးပြုသော ဆရာတော်
သံဃာတော်များအား တိုင်းပြည် အတွက် အသက်ပေးလှူသွားကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ
အာဇာနည် ခေါင်းဆောင်ကြီးများနှင့် စစ်သည်အပေါင်းအား ရည်စူး၍ အရုဏ်ဆွမ်း၊ ဝါဆိုသင်္ကန်းနှင့်
လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ သုဓမ္မရာမပရိယတ္တိ
စာသင်တိုက်သို့ ရောက်ရှိပြီး စာသင် တိုက် ပဓာနနာယက ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်
များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ မွန်းလွဲပိုင်းတွင် ဒိုက်ဦးမြို့နယ် ဖောင်တော်သီကျေးရွာ အုပ်စု ရတနာဘုံကျော်ကျောင်းတိုက်
သို့ရောက်ရှိပြီး ကျောင်းတိုက် ပဓာန နာယကဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များအား
လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment