လားရှိုး ဇူလိုင် ၁၀
လားရှိုးမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊
ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လားရှိုးတက္ကသိုလ် ကမ္ဘောဇခန်းမ၌
အဆိုပါတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာမောင်မောင်က တက္ကသိုလ်ဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတက လားရှိုးတက္ကသိုလ်
ဖွံ့ဖြိုးတိုးတက်မှုကို မျက်ဝါး ထင်ထင်တွေ့မြင်နေ ရပြီဖြစ်ကြောင်း၊ စာသင်ဆောင်သစ်များနှင့်
ဝန်ထမ်းအိမ်ရာသစ်များ လည်းတိုးတက်ကာ သန့်ရှင်း သာယာ လှပလျက်ရှိပါကြောင်း၊တက္ကသိုလ်ကြီး
ရေရှည် တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသာယာလှပရေးအတွက် ၀ိုင်းဝန်း ထိန်းသိမ်းကြရန်နှင့်
နောင်ဖွံ့ဖြိုးတိုးတက်လာမည့် အဆောက်အဦများ၊ ဆရာ ဆရာမများ၊ ကျောင်း သား ကျောင်းသူများ၊
ဝန်ထမ်းများအခြေအနေကို ထည့်သွင်းစဉ်းစားပြီး ရေရှည်စီမံချက် တစ်ခုကို ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင်
ပညာရှင်များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက် ရန် လိုအပ်ပါကြောင်း။
တက္ကသိုလ်တစ်ခု၏ အင်္ဂါရပ်တွင် စာသင်ဆောင်များ၊
ဆရာ ဆရာမများ၊ ၀န်ထမ်း များ၊ ကျောင်းသား ကျောင်းသူ များအပြင် ကျောင်းသားကျောင်းသူများ
နေထိုင်မည့် အဆောင်များနှင့် ပျော်ရွှင်ဖွယ် ပတ်ဝန်း ကျင် ကောင်းများသည် မရှိမဖြစ်လိုအပ်ပါကြောင်း။
ထို့ပြင် အရေးကြီးဆုံးအင်္ဂါရပ်တစ်ခုသည် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ အရည် အသွေးပိုင်းဖြစ်ပါကြောင်း၊
အရည်အသွေးပြည့်ဝအောင် ကြိုးစားပြီး အာဆီယံဒေသမှတစ်ဆင့် နိုင်ငံ တကာအဆင့်အထိ ချိတ်ဆက်သင်ကြား
လေ့လာနိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်းဖြင့် ပြောကြား
သည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယသမ္မတသည် ဆရာ
ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ပြီး စာသင်ဆောင်များအား
ကြည့်ရှုစစ်ဆေး ၍ အဆိုပါတက္ကသိုလ်၌ကျင်းပသည့် ယူပုံ(၃) ထပ်စာသင်ဆောင် (လားရှိုးဆောင်-၂)
ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊
ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်၊ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်
လားရှိုး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်တို့က ကျောင်းဆောင်သစ်အား ဖဲကြိုး
ဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတက ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား
စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ရှမ်း၊ ပလောင်၊ မြောင်ဇီး ၊ ၀၊ ကချင်နှင့် ကိုးကန့်
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
ယနေ့ဖွင့်လှစ်သည့် လားရှိုးတက္ကသိုလ် ယူပုံ(၃)ထပ်စာသင်ဆောင်သည် စာသင်ခန်း(၃၀)ခန်းပါ (၃)ထပ် ကျောင်းဆောင်သစ်ကြီးဖြစ်ပြီး
၎င်းကျောင်းဆောင် သစ်တွင် ဘွဲ့ကြိုတန်းများ၊ ဘွဲ့လွန် အရည် အချင်းစစ်သင်တန်းများ၊ ဘွဲ့လွန်
သင်တန်းများကို သင်ကြားလျက်ရှိပြီး ရုံးခန်း(၂)ခန်း၊ အစည်းအဝေးခန်းမ၊ နိုင်ငံ တကာ ဆက်ဆံရေးဌာန၊
ပထ၀ီဌာန၊ မြန်မာစာဌာန၊ သင်ကြားရေးဌာနနှစ်ခုနှင့် အားကစားခန်းမ တို့ ပါဝင် သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် လားရှိုးမြို့မှ
လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

No comments:
Post a Comment