Wednesday, July 8, 2015

လွှတ်တော်အသီးသီး အတွက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပ မည့်နေ့ရက်သတ်မှတ်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ်(၂၈/၂၀၁၅)
၁၃၇၇ခုနှစ်၊ ပထမ ဝါဆိုလပြည့်ကျော် ၇ ရက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)
လွှတ်တော်အသီးသီးအတွက်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများကျင်းပ မည့်နေ့ရက်သတ်မှတ်ကြေညာခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၉၉(က)၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ ပါ တာဝန် နှင့်လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၄(ဂ)နှင့် နည်းဥပဒေ ၁၆(က)တို့အရ ၁၃၇၇ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ရက် (၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်) တနင်္ဂနွေနေ့တွင် လွှတ်တော် အသီးသီး အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပ ပြုလုပ် မည်ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်သည်။
ဥက္ကဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment