Wednesday, July 8, 2015

လွှတ်တော် အသီးသီးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်း သည့် နေ့ရက်များ သတ်မှတ်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၂၉/၂၀၁၅)
၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၇ ရက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)
လွှတ်တော် အသီးသီးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်း သည့် နေ့ရက်များ သတ်မှတ်ကြေညာခြင်း

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါ လုပ်ပိုင် ခွင့်များကို ကျင့်သုံးလျက် အောက်ပါနေ့ရက်များကို သတ်မှတ်ကြေညာ လိုက်သည်-
(က) လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စား လှယ်လောင်း အမည်စာရင်း စတင် တင်သွင်းနိုင်သည့် နေ့ရက် 
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ ရက် (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)
(ခ) လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းတင်သွင်းနိုင် သည့် နောက်ဆုံးနေ့ရက်
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက် (၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်)
(ဂ) လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆို လပြည့်ကျော် ၁၁ ရက် (၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်)
(ဃ) လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့် နေ့ရက်
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၂ ရက်မှ ဝါခေါင်လဆန်း ၆ ရက်အထိ (၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်မှ ၂၁ ရက် အထိ)
ဥက္ကဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

No comments:

Post a Comment