ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ်
(၃၁/၂၀၁၅)
၁၃၇၇
ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် (၇)ရက်
(၂၀၁၅
ခုနှစ်၊ ဇူလိုင်လ ၈ ရက် )
ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ၊
နယ်မြေစည်းရုံးရေး လုပ်ငန်းများ၊ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များနှင့်
စပ်လျဉ်း ၍ ဆောင်ရွက်ခွင့်ရှိကြောင်း အသိပေးချက် ထုတ်ပြန်ကြေညာခြင်း
၁။ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ
၆၊ ပုဒ်မခွဲ(က) ပါ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တစ်ဦးဦးသည် တည်ဆဲပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ
ပုဒ်မ ၇၊ ပုဒ်မခွဲ(ခ)အရ လည်းကောင်း၊ ပုဒ်မ ၁၇၊ ပုဒ်မခွဲ(ဂ)ပါ ဒုတိယဝန်ကြီး တစ်ဦးဦးသည်
တည်ဆဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မ ခွဲ(ဃ)အရ လည်းကောင်း ၂၀၁၅ ခုနှစ်၊
နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်အရွေးချယ်
ခံမည့်သူ ဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က)အရ
ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံး ရှုံးစေရန် အလို့ငှာ ရွေးကောက်ပွဲ
ကျင်းပ ရန် ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က ကြေညာသည့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈
ရက် ဗုဒ္ဓဟူးနေ့ မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀နှင့် ၁၂၁ တို့ပါ ပြဌာန်းချက်များနှင့်
ကိုက်ညီ လျှင် ရွေးကောက်ပွဲ ဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကို လည်းကောင်း၊ နယ်မြေစည်းရုံးရေး
လုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်ခွင့် ရှိပါသည်။
၂။ ထို့အတူ ပြည်ထောင်စု တရားသူကြီးချုပ်
သို့မဟုတ် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ
ခုံရုံး၊ ဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်၊ ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေ
ချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့
ဥက္ကဌ သို့မဟုတ် အဖွဲ့ဝင်တို့သည်လည်း သက်ဆိုင်ရာ တည်ဆဲဥပဒေများအရ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ
၈ ရက် တနင်္ဂနွေနေ့၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက
နိုင်ငံသား တစ်ဦးအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က)အရ ပေးအပ်ထားသော
ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စု
ရွေးကောက် ပွဲ ကော်မရှင်က ကြေညာသည့် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက် ဗုဒ္ဓဟူးနေ့မှစ၍ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲ
ဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကို လည်းကောင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများကို
လည်းကောင်း ဆောင် ရွက်ခွင့် ရှိပါသည်။
၃။ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့်
မဲဆွယ်စည်းရုံးခွင့်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စား လှယ်လောင်းများ အတည်ပြုပြီးသည့်
နောက် ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် ပေးပါမည်။
ဥက္ကဌ
ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်
No comments:
Post a Comment