Sunday, July 5, 2015

ဂျပန်- မြန်မာ ထိပ်သီးအစည်းအဝေးကျင်းပ


တိုကျို - ဇူလိုင် ၎
ဂျပန် - မြန်မာထိပ်သီးအစည်းအဝေးကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိပ်သီးအစည်းအဝေးတွင်  သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုနှင့် သီလဝါ အထူးစီးပွားရေးဇုန်၏ အောင်မြင်မှုကို အခြေခံပြီး ထားဝယ်အထူးစီးပွားရေးဇုန် အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင်မထိခိုက်စေဘဲ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေးအတွက်  ဂျပန်နိုင်ငံ၏ နည်းပညာအကူအညီ ရယူဆောင်ရွက်ရေး၊ ရန်ကုန်မြို့ပတ် ရထားလမ်းနှင့် ရန်ကုန် - နေပြည်တော် - မန္တလေး ရထားလမ်းအဆင့် မြှင့်တင်နိုင်ရေး၊ ရန်ကုန်မြို့တော် အများပြည်သူခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများ တိုးမြှင့်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာ ဖြေရှင်း နိုင်ရေး၊ လယ်ယာထွက်ကုန်များကို  တန်ဖိုးမြှင့် နိုင်ရေးအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်လေ့ကျင့်ရေးသင်တန်းကျောင်းများ၊ ဘဏ္ဍာရေးဆိုင်ရာသင်တန်းများ အပါ အဝင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးရေး၊  အာရှဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲ ရေးတို့ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော် အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အထိ ဂျပန်နိုင်ငံက  စီမံကိန်း ၅၀ အတွက် ODA Grant ဂျပန် ယန်း ၇၂ ဒသမ ၁၈ ဘီလီယံ ပေးအပ်ခဲ့သည်။ ယခုခရီးစဉ်တွင် ရန်ကုနမြို့ပတ်ရထားလမ်းစီမံကိန်း၊ အမျိုး သား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစီမံကိန်း အဆင့်နှစ် နှင့် အရှေ့အနောက် စီးပွား ရေး စကြံ င်္လမ်းမကြီး ဖွံ့ဖြိုးရေးစီမံကိန်းတို့အတွက် ချေးငွေအကူအညီ ယန်း ဘီလီယံ ၁၀၀ ပေးအပ်ရန် ဂျပန်အစိုးရက အတည်ပြုခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဂျပန် - မြန်မာ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပရာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတတို့က အမှာစကားပြောကြားကြသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွင် ဂျပန်နိုင်ငံက တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်ကို လာမည့် စက်တင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကိုလည်း မြန်မာ - ထိုင်း - ဂျပန် ပူးပေါင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း။
ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေးတို့အတွက် တက်ကြွစွာ ဆောင်ရွက်နေမှုများကို နားလည်ထောက်ခံပါကြောင်း၊ လုံခြုံရေးကောင်စီ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး အတွက် ဂျပန်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာ၌ အရင်းအနှီး၊ နည်း ပညာနှင့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များစွာ ရှိနေသည့်အတွက် ဂျပန်နိုင်ငံက ပါဝင်ပူးပေါင်းဆောင်ရွက် ကူညီဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ထားဝယ်အထူးစီးပွားရေးဇုန် MOI လက်မှတ်ရေးထိုးပွဲကို ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာ၊ ဝန်ကြီးများ၊ စီးပွားရေးလုပ်ငန်း ရှင်များ တက်ရောက်ကြသည်။

ထို့နောက် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်၊ ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Nakane နှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Arkhom တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

No comments:

Post a Comment