တိုကျို - ဇူလိုင် ၎
(၇)ကြိမ်မြောက် မဲခေါင်
- ဂျပန် ထိပ်သီးအစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ၌
ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်သည်။
အစည်းအဝေးသို့ ဂျပန်နိုင်ငံ
ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၊ မဲခေါင်ဒေသခွဲ နိုင်ငံများမှ ခေါင်းဆောင်များဖြစ်ကြသော
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ
သွန်ဆင်းသမာဗောင်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာ၊ ဗီယက်နမ်နိုင်ငံ
ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ ဂျပန်နိုင်ငံနှင့် မဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ၊ အဆင်ျ့မင့်အရာ ရှိကြီးများ တက်ရောက်ကြသည်။
နံနက် ၈ နာရီ မိနစ်
၅၀ တွင် ထိပ်သီးအစည်းအဝေးကျင်းပမည့် နိုင်ငံတော် ဧည့်ဂေဟာသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
မဲခေါင်ဒေသခွဲနိုင်ငံများမှ ခေါင်း ဆောင်များ ရောက်ရှိလာရာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က
ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက် ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် မဲခေါင်
- ဂျပန် ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် မဲခေါင်
- ဂျပန် ထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစည်းအဝေးသို့တက်ရောက်လာကြသည့်
ခေါင်းဆောင်များက မိန့်ခွန်းပြောကြားကြသည်။
နိုင်ငံတော်သမ္မတ က
ဂျပန်နိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ် တိုကျိုမဟာဗျူဟာအရ မဲခေါင်ဒေသအတွင်း နိုင်ငံများနှင့်
ဂျပန်နိုင်ငံတို့ အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန် လွန်ခဲ့သည့် သုံးနှစ်အတွင်း ယန်း ဘီလီယံ
၆၀၀ ကျော် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကို ကျေးဇူးတင်ရှိကြောင်း ။
မဲခေါင်ဒေသတွင်း နိုင်ငံများတွင်
လူဦးရေ သန်း ၂၄၀ နီးပါးနေထိုင်ပြီး ဂျီဒီပီ ပမာဏ အမေရိကန်ဒေါ်လာ ၆၆၄ ဘီလီယံခန့်ရှိသည့်အတွက်
စီးပွားရေးဖွံ့ဖြိုးရန် ကြီးမားသည့် ဈေးကွက်ကို ပိုင်ဆိုင်ထားပါကြောင်း၊ ဂျပန်နိုင်ငံနှင့်
မဲခေါင်နိုင်ငံများ အကြား ကုန်သွယ်မှုမှ အရည်အသွေးရှိသည့် တိုးတက်မှုကို ဖော်ဆောင်နိုင်ပြီး
မိမိတို့ နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် လျော့နည်းသွားစေမည်ဖြစ်ကြောင်း။
ယခုထိပ်သီးအစည်းအဝေးတွင်
တိုကျိုမဟာဗျူဟာ ၂၀၁၅ ကို ချမှတ်နိုင်မည် ဖြစ်သည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊
ယင်းတိုကျိုမဟာဗျူဟာ ၂၀၁၅ သည် မဏ္ဍိုင်လေးရပ်တွင်
ပူးပေါင်းဆောင်ရွက်မှုများအဖြစ် စက်မှုအခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊
စိမ်းလန်း သော မဲခေါင်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မဲခေါင်ဒေသတွင်းနိုင်ငံများနှင့်
သက်ဆိုင်သူ များအကြား ညှိနှိုင်းဆောင်ရွက်သွားရေးတို့ကို ထည့်သွင်းဖော်ပြထားပါကြောင်း။
စီးပွားရေးတိုးတက်မှုကို
အမှန်တကယ် ဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိရန် လိုအပ်ကြောင်း၊
နောင်လာမည့် သုံးနှစ်တာကာလ အတွက် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို
ယန်းဘီလီယံ ၇၅၀ ပေးအပ်သွားရန် ဂျပန်အစိုးရက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ဆုံးဖြတ်ခဲ့ခင်း
အတွက် ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ဇွန် ၂၂ ရက်နှင့် ၂၃ ရက် တို့တွင် (၇) ကြိမ်မြောက်
စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးနှင့် (၆) ကြိမ်မြောက် အက်မက်စ် ထိပ်သီးအစည်းအဝေးများကို
ကျင်းပခဲ့ပြီး လေးနိုင်ငံအတူတကွ ပူးပေါင်းဆောင်ရွက်ဆဲ လုပ်ငန်းများ၊ ရှေ့ဆက်မည့် အနာဂတ်တွင်
ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များကို ထင်ဟတ်ဖော်ပြ သည့် ပူးတွဲကြေညာချက်
တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါကြောင်း။
အလားတူ (၆) ကြိမ်မြောက်
အက်မက်စ် ထိပ်သီးအစည်းအဝေးတွင် နေပြည်တော်ကြေညာစာတမ်းနှင့် အက်မက်စ် လုပ်ငန်းအစီအစဉ်
၂၀၁၆-၂၀၁၈ တို့ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးမှ ထုတ်ပြန်သည့်
ကြေညာချက်နှင့် အက်မက်စ် ထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်သည့် စာတမ်းများမှာ အလှူရှင်နိုင်ငံများနှင့်
မိတ်ဖက်နိုင်ငံ များက အကူအညီများ ပိုမိုရရှိရေးအတွက် တိုးမြှင့် ဆောင်ရွက်သွားကြရန်လည်း
သဘောတူညီခဲ့ပါကြောင်း။
စီအယ်လ်အမ်ဗွီနှင့်
အက်မက်စ်ထိပ်သီး အစည်းအဝေးများက အတည်ပြုချမှတ်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို
ဂျပန်နိုင်ငံ၏ ပံ့ပိုးမှုများက များစွာ အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း။
မဲခေါင်ဒေသပညာရေးကဏ္ဍဖွံ့ဖြိုးရေးနှင့်
ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် ရှမ်းပြည်နယ်တွင် မဲခေါင်တက္ကသိုလ်ဟု အမည်ပေးထားသည့်
တက္ကသိုလ်တစ်ခု တည်ထောင်ရန် ရည်ရွယ်ထားပါကြောင်း။ ၎င်းတက္ကသိုလ်ထူထောင်နိုင်ခြင်းဖြင့် မဲခေါင်
ဒေသရှိ နိုင်ငံများအကြား ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို
တိုးချဲ့လာနိုင်ကာ ဒေသဖွံ့ဖြိုးမှုကို အထောက်အကူ ပြုစေ မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်
၂၀၁၅ ခုနှစ် နောက်ပိုင်း မဲခေါင် - ဂျပန်ပူးပေါင်း ဆောင်ရွက်ရေးတွင် အဓိက ဦးစားပေး
ဆောင်ရွက်စေလိုသည့် နယ်ပယ်သုံးခုဖြစ်သည့် လမ်းပန်းဆက်သွယ်မှု အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး၊
အဖွဲ့ဝင်နိုင်ငံများ အကြား အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့်
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း။
မြန်မာနိုင်ငံသည် မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့နှင့်အတူ
ပူးပေါင်းပြီး မဲခေါင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက် ထိပ်သီးအစည်းအဝေးတွင်
……… တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် မဲခေါင်
- ဂျပန်ထိပ်သီးအစည်းအဝေးနှင့် စပ်လျဉ်းသည့်
ပူးတွဲ သတင်းစာရှင်းလင်းပွဲကို နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ကျင်းပရာ မဲခေါင်-
ဂျပန် အစည်းအဝေးသို့တက်ရောက်လာသည့် နိုင်ငံခေါင်းဆောင်များက အမှာစကား ပြောကြားကြကာ
သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ မဲခေါင်-ဂျပန်ပူးပေါင်းဆောင်ရွက်မှု
အထိမ်းအမှတ်ဘောလုံး လက်ဆောင်ပေးအပ်ပွဲ အခမ်းအနား ကျင်းပရာ ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ မဲခေါင် ဒေသခွဲနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့်
အစိုးရဖွဲအကြီးအကဲများ က ဘောလုံးပေါ် တွင် အမှတ်တရ လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာနိုင်ငံအလိုက်
အသင်းအဖွဲ့ခေါင်း ဆောင်များထံ ဘောလုံးများ
လက်ဆောင်ပေးအပ်ခဲ့သည်။
ယင်းနောက် မွန်းတည့်
၁၂ နာရီတွင် နိုင်ငံတော်သမ္မတ သည် ဂျပန်စီးပွားရေးအ သင်း ( KEIDANREN) နှင့် ဂျပန်စက်မှုလက်မှုနှင့်
ကုန်သည်ကြီးများအသင်း (JCCI) က မဲခေါင်ဒေသခွဲနိုင်ငံများမှ ခေါင်းဆောင်များအား တည်ခင်းဧည့်ခံသည့်
နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။

No comments:
Post a Comment