တိုကျို - ဇူလိုင် ၎
ဂျပန်နိုင်ငံ တိုကျိုမြို့၌
ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ NEC ကော်ပိုရေးရှင်းဥက္ကဋ္ဌ
မစ္စတာ ဒေါက်တာ နိုဘူဟီရို အင်ဒို (Mr.Dr. Nobuhiro) တို့သည် ယနေ့ ဒေသစံတော်ချိန် ညနေ
၅ နာရီ ၁၅ မိနစ်တွင် ခေတ္တ တည်းခိုသည့် Hotel New Otani ၌ တွေ့ဆုံဆွေးနွေးကြသည်။
ထို့နောက် ညနေ ၆ နာရီ
၁၅ မိနစ်တွင် နိုင်ငံတော်သမ္မတနှင့် ဆူမီတိုမိုကော်ပိုရေးရှင်းဥက္ကဋ္ဌ မစ္စတာ ကာဇူအို အိုမိုရီ (Mr.Kazuo Ohmori) တို့သည်
Hotel New Otani ၌ တွေ့ဆုံ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
ဦးခင်မောင်စိုး၊ ဒေါက်တာ ကံဇော်နှုင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။


No comments:
Post a Comment