Wednesday, July 22, 2015

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၇၄ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇူလိုင် ၂၂
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၄ ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ(၁) နာရီခွဲတွင်ကျင်းပရာ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မ တီ၏အစီရင်ခံစာ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင်နိုင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ ရေးတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ဆောင်ရွက်ခဲ့သည်။

 အစည်းအဝေး၌ ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သည့် ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လ ပတ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၇/၂၀၁၅)နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ ရငွေနှင့် သုံးငွေအခြေအနေကို မျက်ခြည် မပြတ်သုံးသပ်၍ ပြည်ပ ကြွေးမြီများကို စိစစ်ရယူခြင်း၊ ပြည်တွင်းကြွေးမြီကို Treasury Bill Auction များ ဆောင်ရွက်၍ ဈေးကွက်အတိုးနှုန်းဖြင့် ရယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်းတို့ဖြင့် ပြည်ထောင်စု အစိုးရ အဖွဲ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ငွေချေးယူရခြင်းကို လျော့နည်းလာစေရန် စတင်ကြိုးပမ်း ဆောင်ရွက် လျက်ရှိပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ အစီရင်ခံစာပါ ဖော်ပြချက်အတိုင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ ချေးယူရခြင်း မရှိတော့စေရန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း ပြန်လည် ဖြေကြားရာ လွှတ်တော်က ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို အတည်ပြု ကြောင်း ကြေညာသည်။
ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ)ပြင်ဆင်နိုင်ရန် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တင်ပြချက်များ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ကော်မရှင်၏ တင်ပြချက် ကို ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၅ ခုနစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် နေရာတူ၊ အချိန်တူ ကျင်းပ မည်ဆိုပါက မဲရုံနှင့်အချိန်တိုးမြှင့်မှုကို တစ်နေရာ တည်းကျင်းပ၍ ရနိုင်သော်လည်း အသုံးပြု ရမည့် ၀န်ထမ်းများနှင့် အသုံးအဆောင်၊ အထောက်အကူ ပစ္စည်းများသည် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေမှ သီးခြားကျခံရမည့် လုပ်ငန်း သဘောသဘာဝရှိသည်ဟု ဖော်ပြထားပါ ကြောင်း၊ သိသာမြင်လွယ်သည့် အချက်ဖြစ်ပြီး မဖြစ်မနေ အကုန်အကျခံရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေကို အသုံးပြုပြီး တစ်ပြိုင် တည်း အောင်မြင်စွာကျင်းပနိုင်သည်ဆိုသော်လည်း အကျိုးသက် ရောက်မှုများစွာမရှိနိုင်ဟု လည်း ဖော်ပြထားပါကြောင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ယခုကာလတွင် ကျင်းပခြင်းမပြု သေးဘဲ ခေတ္တဆိုင်းငံ့ထားသင့်ပါသည်ဆိုသော ရွေးကောက်ပွဲကော်မရှင်၏ အကြံပြုချက် သည် ဆီလျော်မှန်ကန်သည့်အတွက် အကြံပြုချက်အတိုင်း ခေတ္တဆိုင်းငံ့မှုကို ဆောင်ရွက် သင့်ပါကြောင်း ဆွေးနွေးသည်။
တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးသန်းဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ အကြံပြုချက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် အထွေထွေရွေးကောက်ပွဲကို ပူးတွဲ လုပ်ဆောင်မည်ဆိုပါက မလွဲမသွေဖြစ် လာမည့် ကိစ္စရပ်များကို ဆင်ခြင်စဉ်းစားပြီး တင်ပြ ထားသည်ကို တွေ့ရှိရပါကြောင်း၊ အထွေထွေ ရွေးကောက်ပွဲ၏ လုပ်ငန်းစဉ်၊ နိုင်ငံနှင့် ပြည်သူအတွက် အရေးပါမှု၊ ပြည်သူလူထု၏ ဆန္ဒ၊ နိုင်ငံတကာ၏ စိတ်ဝင်စားစောင့်ကြည့်မှု ဒီမိုကရေစီစနစ် ပြောင်းလဲစမြန်မာ့ပုံရိပ်ကို ပြည်တွင်းပြည်ပ လူမှုအဖွဲ့ အစည်းများ၏ လက် တွေ့လုပ်ငန်း စဉ်များအပေါ် အမြင်အမျိုးမျိုးရှိသလို စိန်ခေါ်မှုများကြားမှ ကြိုးစား လုပ်ဆောင် နေရသည့် ကော်မရှင်၏ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေကို အသိပင်ဖြစ်ပါကြောင်း၊ မလုပ်မဖြစ်ကိစ္စများကို လူ၊ ငွေကြေးနှင့် ပစ္စည်းများဖြင့် ပူးတွဲဆောင်ရွက်သည်ဖြစ်စေ၊ ခွဲခြားဆောင် ရွက်သည်ဖြစ်စေ ကုန်ကျမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကို ယခု ကာလတွင် ကျင်းပခြင်းမပြုဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တင်ပြချက်သည် လျော်ကန်သဖြင့် ထောက်ခံ ပါကြောင်း ဆွေးနွေးသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ)ပြင်ဆင်နိုင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြု လုပ်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တင်ပြချက် ကို လွှတ်တော်က အတည်ပြု ခဲ့သည်။

No comments:

Post a Comment