Saturday, July 4, 2015

ထားဝယ်အထူးစီးပွားရေးဇုန်သည် ပစိဖိတ်နှင့်အိန္ဒိယသမုဒ္ဒရာတို့ကို ကုန်းလမ်းမှ ဆက်သွယ်ပေးမည့် မဟာမဲခေါင် တောင်ဘက် စီးပွားရေးစင်္ကြ၏ အနောက်တံခါးပေါက်အဖြစ် အဟာဗျူဟာကျစွာတည်ရှိ




တိုကျို ဇူလိုင် ၃
မဲခေါင်အဖွဲ့ဝင် ငါးနိုင်ငံ၏ စီးပွားရေးဖိုရမ်ကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ခေတ္တတည်းခိုသည့် Hotel New Otani ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောကြားသည်။ အဆိုပါ စီးပွားရေး ဖိုရမ်သို့ မဲခေါင်အဖွဲ့ဝင် ငါးနိုင်ငံမှ ခေါင်းဆောင် များ၊ ဂျပန်နှင့် မဲခေါင်ဒေသ ခွဲနိုင်ငံ များမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ အဆင့်မြင့်အရာ ရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စီးပွားရေးဖိုရမ်တွင် ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ဥက္ကဋ္ဌ Mr. Hiroyuki Ishige က ကြိုဆိုနှုတ်ခွန်းဆက်စ ကား ပြောကြားသည်။ ထို့နောက် ကမ္ဘောဒီး ယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်တို့က မိန့်ခွန်းပြောကြားကြ သည်။
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် မဲခေါင်ဒေသ အတွင်းနှင့် ဒေသပြင်ပနိုင်ငံများ ပေါင်းစည်းမှု အရှိန်အဟုန် မြင့်မားလာ ကြောင်း၊ ထိုပေါင်းစည်းမှုများ၏ရလဒ်အဖြစ် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ထားဝယ်အထူး  စီးပွားရေးဇုန်နှင့် ပတ်သက်ပြီး မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံအစည်း အဝေးတစ်ရပ် ကျင်းပနိုင်ခဲ့ကြောင်း။
ထိုအစည်းအဝေးတွင် ထားဝယ် အထူးစီးပွားရေးဇုန် ထူထောင်ရေး အတွက် ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီများပေးအပ်ရန် ဂျပန် နိုင်ငံက ကမ်းလှမ်းခဲ့ခြင်းကို ဝမ်းမြောက်စွာêကြိုဆိုပါကြောင်း။ အစည်းအဝေးက ထွက်ပေါ် လာသည့်ရလဒ်များကို စုစည်းကာ ကနဦးအဆင့် လုပ်ငန်းများဖြစ် သည့် ကာလတို အလုပ်အကိုင် ဖန်တီးပေး ခြင်း၊ ဒေသခံပြည်သူများထံ စီမံကိန်း အကျိုးကျေးဇူးများကို အသိပေးခြင်း၊ စီမံကိန်း စတင်အကောင်အ ထည်ဖော် ခြင်းများကို ဦးစားပေးဆောင်ရွက် နေပြီး ယခုနှစ်အတွင်း ဆောက်လုပ် ရေးလုပ်ငန်းများကို စတင်ဆောင် ရွက် နေပြီဖြစ်ကြောင်း။
အဆိုပါဆောက်လုပ်ရေးလုပ်ငန်း များတွင် ၂၇ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိသည့် စက်မှု ကုန်ထုတ်ရပ်ကွက်၊ ထိုင်းနိုင်ငံနှင့် ဆက်သွယ် သည့် ကားလမ်း၊ အလုပ် သမားများနေထိုင်ရန် မြို့နယ်၊ LNG ဓာတ်ငွေ့တင် ပို့ရေး ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဆိပ် ကမ်းနှင့် ရေလှောင်ဆည် များ ပါဝင် မည်ဖြစ်ပါကြောင်း။
ယခုကျင်းပမည့် (၇)ကြိမ်မြောက် မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေး ကာလအတွင်း ထားဝယ်အထူးစီးပွား ရေးဇုန် စီမံကိန်းနှင့် ပတ်သက်သည့် Memorandum of Intent ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း။
ထားဝယ် အထူးစီးပွားရေးဇုန် နယ်မြေသည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယ သမုဒ္ဒရာ တို့ကို ကုန်းလမ်းမှ ဆက်သွယ်ပေးမည့် မဟာမဲခေါင် တောင်ဘက် စီးပွားရေးစင်္ကြံ၏ အနောက်တံခါးပေါက်အဖြစ် မဟာ ဗျူဟာကျစွာ တည်ရှိနေကြောင်း။
အဆိုပါ စီးပွားရေးစင်္ကြံသည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၊ ကမ္ဘော ဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တို့မှတစ်ဆင့် ထားဝယ် ဒေသအထိ ရောက်ရှိမည့် စင်္ကြံ ဖြစ်ပြီး ဒေသတွင်းနိုင်ငံများအကြား ဆက်သွယ်မှုလွယ် ကူကာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း။
ထို့ပြင် ကမ္ဘောဒီးယားနယ်စပ်မှ မြန်မာနယ်စပ်အထိ ဖောက်လုပ်မည့် ဂျပန်-ထိုင်း ပူးပေါင်းရထားလမ်း ကွန်ရက်၏ အဆက်အဖြစ် ထားဝယ် အထိ ဆက်လက်ဖောက်လုပ်နိုင်ရေး သုံးနိုင်ငံ ဆွေးနွေးလျက်ရှိကြောင်း။
စက်မှုဇုန်များ၊ စီးပွားရေးဇုန် များ ဖော်ဆောင်မှုနှင့်အတူ ယှဉ်တွဲ တွေ့ကြုံရ သည့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက် နိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတစ်ရပ်ကိုလည်း ရေးဆွဲနေပြီဖြစ်ကြောင်း။
မြန်မာနိုင်ငံမှ စီးပွားရေးဇုန်များ၊ စက်မှုဇုန်များတွင် အစိုးရချင်းဖြစ်စေ၊ ပုဂ္ဂလိကအနေဖြင့်ဖြစ်စေ နည်းပညာ ဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဖိတ် ခေါ်လိုကြောင်း ပြောကြားခဲ့သည်။
မဲခေါင်အဖွဲ့ဝင် ငါးနိုင်ငံ၏ လူဦးရေမှာ သန်း ၂၃ဝ ရှိပြီး ဒေသ တွင်း ဝင်ငွေအဆင့်အတန်း မြင့်မား လာသည်နှင့်အမျှ စားသုံးသူဈေးကွက် ဖြစ်လာသည်။ ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်း မဲခေါင်ဒေသ၏ ဂျပန် ကုန်သည်၊ စက်မှုအသင်းဝင် ဂျပန် ကုမ္ပဏီပေါင်း တစ်ထောင်ကျော် ရှိလာခဲ့သည်။မဲခေါင်ဒေသတွင် ဂျပန် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မှာ၂ဝ၁၄ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိပြီး ထိုပမာဏမှာ ဂျပန် နိုင်ငံ၏ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုပမာဏနှင့် အတူတူပင်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment