တိုကျို ဇူလိုင် ၃
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့
ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် တိုကျိုမြို့ရှိ ဂျပန်ဘုရင့် နန်းတော်၌ ဂျပန်နိုင်ငံဘုရင်
အကီဟီတိုက (၇) ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေးသို့ တက်ရောက် လာကြ သည့်
နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများအား တည်ခင်း ဧည့်ခံသည့် လက်ဖက် ရည်ပွဲသို့
တက်ရောက်သည်။
အဆိုပါဧည့်ခံပွဲသို့ မဲခေါင်ဒေသခွဲနိုင်ငံများမှ
ခေါင်းဆောင်များဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ လာအိုနိုင်ငံဝန်ကြီးချုပ်
မစ္စတာ သွန်ဆင်းသမာဗောင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်
မစ္စတာ ငုယင်တန်ဇွန်းတို့ တက်ရောက် ကြသည်။
ဂျပန်ဘုရင် အကီဟီတိုသည် ဧည့်ခံပွဲသို့
တက်ရောက်လာကြသူများအား ရင်းနှီးခင်မင်စွာ နှုတ်ဆက်သည်။
ထို့နောက် ဂျပန်ဘုရင်က ဧည့်သည်တော်များအား
လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
No comments:
Post a Comment