၂၀၁၅၊ ဇူလိုင်လ (၂၄) ရက် ရန်ကုန်မြို့
၁။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ကိုယ်စားလှယ် အဖွဲ့နှင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား လှယ် အဖွဲ့တို့သည်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေးအတွက် သဘောတူ စာချုပ်မူကြမ်း(၈) ကြိမ်မြောက်ညှိနှိုင်း
ဆွေးနွေးခြင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့ထိရန်ကုန်မြို့၊
ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် ပြုလုပ်ခဲ့ပါသည်။
၂။ နှစ်ဘက်ကိုယ်စားလှယ်များသည် ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် UPWC နှင့်
NCCT ကိုယ်စားလှယ်များအကြား တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ်
(အတည်ပြုမူကြမ်း) အပေါ် လော်ခီးလာညီလာခံမှ ပြန်လည် အဆိုပြုလာသည့် အချက် (၁၃) ချက်အားအခြေခံလျက်
သဘောတူစာချုပ် (အတည်ပြုမူကြမ်း) ကိုအချောသတ်သည့် ဆွေးနွေး ညှိနှိုင်းခြင်းကို ပြုလုပ်ခဲ့ကြပါသည်။
၃။ နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် သြဂုတ်လပထမပတ်တွင် ကျင်းပရန် နှစ်ဘက်
ကိုယ်စားလှယ်များ သဘောတူကြပါသည်။ ၎င်းညှိနှိုင်းဆွေးနွေးပွဲတွင် စာချုပ် (အတည်ပြုမူကြမ်း)
အချောသတ်ခြင်း အပြီးဆောင်ရွက်နိုင်ရန် နှစ်ဘက်ကိုယ်စားလှယ် များ ကြိုးပမ်းဆောင်ရွက်ကြရန်
သဘောတူကြပါသည်။
၎။ ဤညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် နှစ်ဘက်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အတည် ပြုမူကြမ်း) အမြန်ဆုံး ချုပ်ဆိုနိုင်ရေးနှင့်
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပကာ ရေရှည်တည်တံ့ခိုင်မြဲသည့်
ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
………××××××……….

No comments:
Post a Comment