နေပြည်တော် ဇူလိုင် ၃
(၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
ဒသမနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက် စိမ်းခန်းမ၌ ဆက်လက်ကျင်းပ
သည်။
ယနေ့ပြပွဲ နံနက်ပိုင်းတွင် ယမန်နေ့က အိတ်ဖွင့်တင်ဒါစနစ်ဖြင့်
ရောင်းချခဲ့သည့် ကျောက်စိမ်းအတွဲ အမှတ် (၇၂၅၁)မှ အတွဲအမှတ်(၈၆၀၈)အထိ ကျောက်စိမ်းအတွဲ
စုစုပေါင်း(၁၃၅၈)တွဲအတွက် တင်ဒါအောင်စာရင်းကို ကြေညာခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်တွင်းပြည်ပမှ
ရတနာကုန်သည်များသည် ဈေးပြိုင်စနစ်ဖြင့် ဆက်လက်ရောင်းချရန် မဏိရတနာကျောက်စိမ်း ခန်းမ
သတ်မှတ်နေရာများ၌ ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများအား မိမိတို့စိတ်ကြိုက်
ကြည့်ရှုရွေးချယ် မှတ်သားကြ သည်။
ယခုပြပွဲ၌ ဇူလိုင် ၄ ရက်တွင် ကျောက်စိမ်းအတွဲအမှတ်(၈၆၀၉)မှ
အတွဲအမှတ် (၈၇၂၈)အထိ ကျောက်စိမ်း အတွဲပေါင်း(၁၂၀) ကိုလည်းကောင်း၊ ဇူလိုင်(၅)ရက်တွင်
ကျောက်စိမ်းအတွဲအမှတ်(၈၇၂၉)မှ အတွဲအမှတ် (၈၈၄၈)အထိ ကျောက်စိမ်းအတွဲ စုစုပေါင်း(၁၂၀) ကိုလည်းကောင်း၊
ဇူလိုင်(၆)ရက်တွင် (၈၈၄၉)မှ အတွဲအမှတ် (၈၉၄၃) အထိ ကျောက်စိမ်းအတွဲ စုစုပေါင်း(၉၅)တွဲကိုလည်းကောင်း
ဆက်လက်ရောင်းချ သွားမည်ဖြစ် ကြောင်း သိရသည်။
No comments:
Post a Comment