နေပြည်တော်
ဇူလိုင် ၃
ပထမအကြိမ်
အမျိုးသား လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၆၆ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် ကျင်းပရာ လွှတ်တော် ကိုယ်စားလှယ် များ၏
တန်ဖိုးနည်း အိမ်ရာများ ဖော်ထုတ် ပေးရေးနှင့်
ရန်ကုန်
စည်ပင် သာယာရေး နယ်နိမိတ်ရှိ မီးပွိုင့်များကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပြုနိုင်ခြင်း
ရှိ၊ မရှိမေးခွန်းများ နှင့်စပ်လျဉ်း၍
သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြန်လည် ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးနု၏
မင်္ဂလာဒုံမြို့နယ် ရွှေနံသာစံပြကျေးရွာ စတင်တည်ထောင်ခဲ့စဉ်ကပင် တာဝန်ရှိပုဂ္ဂိုလ်များ စီစဉ်ထားရှိခဲ့သည့် "ဖွံ့ဖြိုးရေး မြေကွက်လပ်"တွင် ဒေသခံပြည်သူများလိုအပ်ချက်အရ "တန်ဖိုးနည်းအိမ် ရာ"များ ဖော်ထုတ်ပေးနိုင်ပါရန် တင်ပြချက်များအပေါ် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေကို သိရှိလိုခြင်း
မေးခွန်းနှင့် စပ်လျဉ်း၍
အဆိုပါမြေနေရာသည် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ
ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီသို့
လွှဲပြောင်းပေးစဉ် ပန်းခြံ အဖြစ် သတ်မှတ်ထားသော နေရာဖြစ်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာ ၀န်ကြီးဌာနမှ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့
ပြန်လည်လွှဲပြောင်းပေးရေး
တင်ပြ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့်
ပန်းခြံအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း
ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃)မှ ဦးဖုန်းမြင့်အောင်၏
ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်ရှိ မီးပွိုင့်များကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ရန်ကုန်မြို့
စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မီးပွိုင့်များကို
ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့်ပြုရာ၌ လုပ်ငန်းအတွက်
နိုင်ငံတော်မှဘဏ္ဍာငွေပေးချေရခြင်း
သက်သာစေရန် လုပ်ငန်း လုပ်ကိုင်ခွင့်ပြုသည့်
မီးပွိုင့်ဧရိယာတွင် ကြော်ငြာဆိုင်းဘုတ်များ
စိုက်ထူခွင့်ပြုသည့်လုပ်ငန်းကို
ပူးတွဲ လုပ်ကိုင်ခွင့်ပြုရန် မရှိပါကြောင်း
ပြန်လည်ဖြေကြားသည်။
အလားတူ
မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်ငြိမ်း၏
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ အင်တောကျေးရွာအုပ်စု အင်တော-ယာကြီးပြင်လမ်းအား အဆင့်မြှင့်တင် ဖောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ် လျဉ်း၍
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေက ရေနံချောင်းမြို့နယ် အတွင်းရှိ
အင်တောကျေးရွာအုပ်စု အင်တော-ယာကြီးပြင်လမ်းရှိ အရှည်(၁၅)မိုင် (၁)ဖာလုံ အဆင့်မြှင့်တင် ဖောက်လုပ်ခြင်း လုပ်ငန်းကို
ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြထား ခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။
ထို့နောက်
ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်
ရှေးဟောင်းဝတ္ထု ပစ္စည်းများကာကွယ် ထိန်းသိမ်းရေးဥပဒေကြမ်းနှင့် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်း ရေးဥပဒေကြမ်းတို့နှင့်စပ်လျဉ်း ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ
အမည်စာရင်းတင်သွင်း နိုင်ကြောင်း အသိပေးကြေညာသည်
ထို့ပြင်
ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်
ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်း ဆိုင်ရာဥပဒေကြမ်းပါ ပြင်ဆင်ရန်အချက်ပေါင်း
၁၀၃ ချက်နှင့်စပ်လျဉ်း၍ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း
တစ်ပိုဒ်ချင်းစီအလိုက်
အတည်ပြုခဲ့သည်။
ယင်းနောက်
ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့်
ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ၊ ပြည်ထောင်စုရှေ့နေ ချုပ်ဥပဒေ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ၊ နေပြည်တော်ကောင်စီဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ တို့ကို ပြင်ဆင်သည့် ဥပဒေကြမ်းများနှင့်စပ်လျဉ်း၍
ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာများ ဖတ်ကြားပြီး
ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ
အမည်စာရင်း တင်သွင်းနိုင်ကြောင်း
ကြေညာသည်။
No comments:
Post a Comment