Saturday, July 18, 2015

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ




နေပြည်တော်၊  ဇူလိုင် - ၁၈

ရေဆင်းဆည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်အားပေးပြီး အထိမ်းအမှတ် သစ်ပင်များကို စိုက်ပျိုးပေးသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ ရုံး/ဌာန များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ခရေပင်နှင့် ကံ့ကော်ပင်များအား စိုက်ပျိုးပေးကြ သည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက် လာကြသူများက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ပျိုးပင်များအား သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးပေးကြသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေး ကြသည်။

ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၅၀၀၀ တို့ကို စိုက်ပျိုးပေးခဲ့သည်။

ရေဆင်းဆည်ပတ်ဝန်းကျင်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ၂၀၁၁ ခုနှစ်မှ စတင်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများဖြင့် နှစ်စဉ် စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၁၄ ကြိမ် စိုက်ပျိုးခဲ့ပြီး ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ သရက်၊ မန်ကျည်း၊ ပိန္နဲ၊ တမာ၊ သစ်စိမ့်၊ မယ်ဇလီ၊ ကုက္ကို၊ ငုဝါ၊ စိန်ပန်း၊ ခရေ၊ ကံ့ကော်၊ ဧကရာဇ်ပင်နှင့် အော်ရေးရှားပင် စသည့်စိုက်ပျိုးပင် စုစုပေါင်းအပင် ၇၄၈၁၀ စိုက်ပျိုးနိုင်ခဲ့သည်။


အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေများတွင်လည်း ဒုတိယအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲများကို ယနေ့နံနက်ပိုင်းတွင် တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက အသီးသီးစိုက်ပျိုးခဲ့ကြ သည်။ တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့စိုက်ပျိုးသည့် စိုက်ပျိုးပင်စုစုပေါင်းမှာ ၃၆၃၀၁၈ ပင် ဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment